3D ပရင်တာဖြင့် နားအစားထိုးကုသမှုကို ပထမဆုံး အောင်မြင်ခဲ့သူ

//s9.kh1.co/a8/a8f4a35b3e3f1672de305d6405dbdce7512c5336.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဇွန်-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

3D ပရင်တာဖြင့် နားအစားထိုးကုသမှုကို ပထမဆုံး အောင်မြင်ခဲ့သူ

အသက် 20 နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ 3D ပရင်တာဖြင့် အောင်မြင်တဲ့ နားအစားထိုးကုသမှုကို ခံယူတဲ့ ပထမဆုံးလူ ဖြစ်လာခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံမှ Alexa လို့သာသိတဲ့ လူနာဟာ ရှားပါး မွေးရာပါချို့ယွင်းချက်ဖြစ်တဲ့ microtia ဖြင့်မွေးဖွားလာခဲ့ပြီး ဒီဟာကြောင့် နားရဲ့ပြင်ပအစိတ်အပိုင်းကို သေးငယ်သွားပြီး ပုံသဏ္ဍာန်လွဲသွားကာ အကြားအာရုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/5a/5a192b43be456a0916de56681c8a8cdc1687be9d.webp

San Antonio မှာရှိတဲ့ ကလေးအထူးကု နားကို ပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်ဆရာဝန် ဒေါက်တာ Arturo Bonilla က အမျိုးသမီးရဲ့ microtia နားအကြွင်းအကျန်ထဲက အရိုးနု ဂရမ်တစ်ဝက်ကို ဖယ်ထုတ်ပြီး Long Island City၊ Queens ရှိ 3DBio Therapeutics ထံ ပေးပို့ပြီး 3D စကင်န်ဖြင့် အမျိုးသမီးရဲ့ implant ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပါတယ်။စက်ရုံတွင် အရိုးနုဖွဲ့စည်းမှုအတွက် တာဝန်ရှိ ဆဲလ်များဖြစ်တဲ့ Alexa ရဲ့ Chondrocytes များကို တစ်သျှူးနမူနာမှ ခွဲထုတ်ပြီး အာဟာရများရဲ့ မူပိုင် Slurry ဖြင့် ကြီးထွားလာကာ Slurry တွေဟာ သန်းပေါင်းများစွာသော ဆဲလ်များအဖြစ်သို့ ပြောင်းလဲသွားပါတယ်။

https://s9.kh1.co/__image/w=512,h=320,q=100/6c/6c44dec02dffb348f00bbfb22f9bef6aa20bba68.jpg

ဆဲလ်တွေကို အထူးပြု 3D ဇီဝပရင်တာတွင် ဆေးထိုးပြွန်ဖြင့် ထည့်သွင်းပြီး လူနာရဲ့ ကျန်းမာသောနားနဲ့ တူအောင် သေးငယ်တဲ့ အဝိုင်းပုံသဏ္ဍာန်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ပရင်တာ လုပ်ငန်းစဉ်တစ်ခုလုံးဟာ 10 မိနစ်ထက်နည်းပါတယ်။အဲ့နောက်တွင် ထွက်လာတဲ့ နားရွက်ပုံစံကို အအေးခန်းတွင် Dr Bonilla သို့ ပြန်လည်ပေးပို့ခဲ့ပြီး Alexa ရဲ့ မေးရိုးအထက် အရေပြားအောက်တွင် နားကို ထည့်သွင်းခဲ့ပါတယ်။ Implant ပတ်ပတ်လည် အရေပြားကို တင်းတင်းကျပ်ကျပ် ထားပြီးနောက် နားရဲ့ ပုံသဏ္ဍာန် ဖြစ်ပေါ်လာပါတယ်။ ဆယ်ကျော်သက်အရွယ်တွင် သူမရဲ့ ရုပ်သွင်နှင့်ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုသိလာကာ ဆံပင်ရှည်နှင့် ချောင်ကျနေတဲ့ နားရွက်ကို အုပ်ထားရန် ကြိုးစားမည်ဟု Alexa က ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/8e/8e493788eb4f1c719f9c3f17fac442d83a3bfeb6.jpg

အသက် 20 အရွယ် သူမက " သင်ဆယ်ကျော်သက်အရွယ်တုန်းက သင့်ရဲ့ပုံသဏ္ဍာန်ကို နည်းနည်းပိုဂရုစိုက်တယ်။ တချို့လူတွေက မထင်မှတ်ထားတဲ့အရာတွေပြောပြီး ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ဒါကြောင့် ဒါကငါ့ကိုယ်ငါ ယုံကြည်မှုတွေ တိုးလာမယ် ထင်တယ်" လို့ပြောခဲ့ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T