ဖုန်းအသစ်လဲလိုက်ပြီဆိုတာကို ဒရမ်မာချိုးရင်း ပြောပြခဲ့တဲ့ Chris Evans

//s9.kh1.co/6f/6f25b8013c7ab0f6c76cc520ec6c1cdde0b134d0.jpg
အနုပညာရှင်များ

 ၂၄-ဇွန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဖုန်းအဟောင်းလေးကိုလည်း သစ္စာရှိရှိသုံးနေတာ တော်တော်ကြာပါတယ်

ကပ္ပတိန်အမေရိကဇာတ်ကောင်နဲ့ စူပါဟီးရိုးပရိတ်သတ်တွေသာမက စူပါဟီးရိုးပရိသတ်မဟုတ်သူတွေရဲ့ အားပေးမှုတွေပါ အများကြီးရရှိထားတဲ့ မင်းသားချော Chris Evans ဟာလက်ရှိဟောလိဝုဒ်သရုပ်ဆောင်တွေထဲမှာ အချမ်းသာဆုံးထဲကတစ်ယောက်လို့ပြောနိုင်ပါတယ်။Celebrity Net Worth ရဲ့တင်ပြချက်အရ Chris Evans ရဲ့ချမ်းသာမှုဟာ ဒေါ်လာသန်း ၈၀ လောက်ထိရှိတယ်လို့ခန့်မှန်းရတာကြောင့် အဲ့လောက်ထိချမ်းသာနေသူသုံးတဲ့ လက်ကိုင်ဖုန်းကတော့ နောက်ဆုံးပေါ် iPhone ပဲဖြစ်ဖြစ်၊တခြားအရမ်းလန်းတဲ့ Device တစ်ခုဖြစ်မယ်လို့ထင်ကြမှာပါ။

Endgame ရိုက်ကွင်းမှာတုန်းက 6s လေးနဲ့ဓာတ်ပုံလိုက်ရိုက်နေတဲ့ Chris Evans
Endgame ရိုက်ကွင်းမှာတုန်းက 6s လေးနဲ့ဓာတ်ပုံလိုက်ရိုက်နေတဲ့ Chris Evans

အဲ့လိုထင်ကြမိရင်တော့ တက်တက်စင်အောင်လွဲပါလိမ့်မယ်။Chris Evans ဟာလွန်ခဲ့တဲ့နှစ်ပိုင်းတွေတောက်လျှောက် iPhone 6s လေးကိုပဲအသုံးပြုခဲ့တာပါ။ခုလက်ရှိချိန်မှာ iPhone 13 Series ထွက်ပြီးလို့ 14 တောင်ထွက်တော့ဖို့ပြင်ဆင်နေချိန်မှာ 6s ဆိုတဲ့မော်ဒယ်ဟာ တော်တော်လေးကိုခေတ်နောက်ကျကျန်နေခဲ့ပါပြီ။ဒါပေမဲ့ခုတော့လည်း Chris က 6s လေးကိုဆက်မသုံးတော့ပဲ တခြားမော်ဒယ်မြင့် iPhone တစ်လုံးကိုပြောင်းအသုံးပြုဖို့ ပြင်ဆင်နေကြောင်းကို Instagram Post လေးတစ်ခုမှာ ဒရမ်မာချိုးပြီး ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=904,q=100/c0/c02837dfb167e9c0a7b4615185fe6670258b9e8d.png

နောက်ဆုံးတင်ထားတဲ့ Instagram Post မှာ သူ့ရဲ့ဖုန်းဟောင်း 6s လေးကနေဖုန်းအသစ်တစ်လုံးဆီကို Data တွေကူးနေတဲ့ပုံကို “RIP ပါ iPhone 6s လေးရေ ငါတို့မှာအချိန်ကောင်းလေးတစ်ခုရှိခဲ့ကြပါတယ် မင်းမှာပါတဲ့ Home Button လေးကိုငါလွမ်းနေမှာပါ ဒါပေမဲ့ညတိုင်းမင်းကို အားသွင်းဖို့တိုင်ပတ်နေရတာတွေ၊မှုန်ဝါးဝါးဖြစ်နေတဲ့ပုံတွေ၊အား ၁၀၀ ကနေ ၁၅ လောက်ကို ချက်ချင်းပြုတ်ကျပြီး ခဏနေရင် ပါဝါတန်းပိတ်သွားတာတွေကိုတော့ ငါမလွမ်းတော့ပါဘူး ကောင်းစွာအနားယူပါ သူငယ်ချင်း”ဆိုတဲ့ Caption နဲ့အရွှန်းဖောက်ပြီး ဒရမ်မာဆန်ဆန်လေး ရေးတင်ထားခဲ့တာဖြစ်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T