နောက်ထပ်ဆုအသစ် ၅ ခုကိုထပ်ထည့်ပေးသွားမယ့် ဂရမ်မီဆု

//s9.kh1.co/d4/d4bcbaa0931f8ec47e44d9f4ab5ec67c93c93418.jpg
MPT

 ၂၃-ဇွန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

နောက်ထပ်ဆုအသစ် ၅ ခုကိုထပ်ထည့်ပေးသွားမယ့် ဂရမ်မီဆု

ဂီတဆုတွေထဲမှာ နာမည်အကြီးဆုံးနဲ့ ဂုဏ်သိက္ခာအကြီးဆုံးဖြစ်တဲ့ ဂရမ်မီဆုဟာ ၁၉၅၉ ခုနှစ်ကနေ အခုချိန်ထိ ခေါင်းစဥ်တွေအများကြီးအောက်ကနေ ထူးချွန်အဆိုရှင်တွေအများကြီးကို ပေးအပ်ခဲ့၊ပေးအပ်နေဆဲပါ။ဆုအဖြစ်ပေးတဲ့ Title တွေကလည်း စီးရီးလိုက်တွေနဲ့ ဆုပေါင်း ၈၀ ကျော်လောက်ထိ အများကြီးရှိပါတယ်။လာမဲ့ ၂၀၂၃ ခုနှစ်ဆုပေးပွဲမှာတော့ နောက်ထပ်ဆု ၅ ခုကိုထပ်ထည့်ပေးသွားမယ်လို့ Recording Academy ကကြေညာလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=271,q=100/64/64edebfeec85fb4a49fb2da00a5ef110269e2d1a.png

ထပ်ထည့်မယ့် ခေါင်းစဥ်တွေက တစ်နှစ်တာအကောင်းဆုံးတေးရေးဆရာဆု၊အကောင်းဆုံးထူးထူးခြားခြား သီချင်းတင်ဆက်မှုဆု၊အကောင်းဆုံးအမေရိကတင်ဆက်မှုဆု၊တခြားမီဒီယာနယ်ပယ်တွေနဲ့ ဗွီဒီယိုဂိမ်းတွေထဲက အကောင်းဆုံး Track သီချင်းဆု၊အကောင်းဆုံး ကဗျာအယ်လ်ဘမ်ဆုတို့ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/c6/c63bef117da0cc8febd027bd77da27a6eb9189d4.jpg

တစ်နှစ်တာအကောင်းဆုံးတေးရေးဆရာဆု

သီချင်းထဲမှာလည်း ဝင်လည်းမဆိုရ၊MV ထဲမှာလည်းမပါရ၊သီချင်းကို ကိုယ်တိုင်ထုတ်လုပ်တာလည်းမဖြစ်ရပဲ ကောင်းမွန်ကျွမ်းကျင်စွာနဲ့ တေးရေးခြင်းအနုပညာကိုဖော်ကျူးနိုင်တဲ့ တေးရေးဆရာကိုပေးအပ်မှာဖြစ်ပါတယ်။ဒါပေမဲ့ သတ်မှတ်ထားတဲ့နှစ်အတွင်းမှာ ရေးထားတဲ့သီချင်းတော့ဖြစ်ရမှာပါ။ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ဆိုတဲ့ တေးရေးဆရာ၊အဆိုရှင်တွေက‌တော့ ဒီဆုကိုမရလောက်ပါဘူး။

https://s9.kh1.co/__image/w=650,h=463,q=100/96/9631e4a5887ea0b0f6978fd9e1db01dc8bfa6f87.webp

အကောင်းဆုံး ထူးထူးခြားခြားသီချင်းတင်ဆက်မှုဆု

ဒီဆုကတော့ သီချင်းတစ်ပုဒ်ရဲ့ နောက်ဗားရှင်းတစ်ခုကို တစ်ယောက်တည်းဖြစ်စေ၊တခြားအနုပညာရှင်တွေနဲ့တွဲဖက်ပြီးဖြစ်စေ၊နှစ်ယောက်ဖြစ်စေ၊အဖွဲ့လိုက်ဖြစ်စေ အကောင်းဆုံးတင်ဆက်ပြနိုင်သူတွေကို ပေးအပ်သွားမယ့် ဆုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/27/2770fde31f9d36ebe726009650f7e694b4b41d90.webp

အကောင်းဆုံးအမေရိကတင်ဆက်မှုဆု

ဒီဆုကတော့ အဖွဲ့လိုက်ဖြစ်စေ၊တစ်ယောက်ချင်းဖြစ်စေ အမေရိကန်နိုင်ငံနဲ့ပတ်သက်တာတစ်ခုခုကို အကောင်းဆုံးတင်ဆက်နိုင်သူတွေကို ပေးအပ်မယ့်ဆုဖြစ်ပါတယ်။

တခြားမီဒီယာနယ်ပယ်တွေနဲ့ ဗွီဒီယိုဂိမ်းတွေထဲက အကောင်းဆုံး Track သီချင်းဆု

ဒီဆုကတော့ ဗွီဒီယိုဂိမ်းအတွက်သီးသန့်ဖြစ်စေ၊ဒါမှမဟုတ်ဒီတိုင်းထုတ်ထားတဲ့ သီချင်းကို ဂိမ်းအတွက်ဖြစ်စေ၊တခြားဆက်စပ်တဲ့နယ်ပယ်တစ်ခုခုမှာ အသုံးပြုနေတဲ့သီချင်းကိုရွေးချယ်မယ့်ဆုဖြစ်ပါတယ်။ဒါပေမဲ့သတ်မှတ်ထားတဲ့အချိန်တွင်းထုတ်ထားတဲ့သီချင်းတော့ဖြစ်ရမှာပါ။

အကောင်းဆုံးကဗျာအယ်လ်ဘမ်ဆု

ဒီဆုကတော့ ကဗျာကိုအသားပေးတဲ့ ဆုပါ။ဂီတသံပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ ရွတ်ဆိုသူကိုထက် ကဗျာကိုပိုဦးစားပေးတာမလို့ အယ်လ်ဘမ်ကောင်းတာနဲ့ ဆုရမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ထပ်ပေါင်းထည့်ထားတဲ့ ဆုကတော့ လူမှုပတ်ဝန်းကျင်ကိုပြောင်းလဲပစ်နိုင်တဲ့ အကောင်းဆုံးသီချင်းဆုပါ။ဒီသီချင်းကတော့ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး အဲ့ဒီအဖြစ်အပျက်တွေကို နားလည်တဲ့၊ငြိမ်းချမ်းရေးနဲ့ ကိုယ်ချင်းစာတရားကိုဦးစားပေးတဲ့ စာသားတွေဖြစ်ရမှာပါ။ဒီဆုအတွက်တော့ ဖဲကြိုးပြာကော်မတီက ရွေးချယ်မှာဖြစ်ပြီး Recording Academy Board of Committee ကပြန်လည်စီစစ်မှာပါ။ဒီလိုဆုတွေအများကြီးကိုထပ်ဆိုးလိုက်တာကြောင့် ဂီတနယ်ပယ်မှာပုံစံမျိုးစုံ၊ဂီတအမျိုးအစားပေါင်းစုံကို ဖန်တီးနေကြသူတွေအတွက် ပိုပြီးအဆင်ပြေသွားစေသလို အဆိုရှင်တော်တော်များများကိုလည်း ဂရမ်မီဆုတွေရနိုင်မယ့် အခွင့်အရေးတွေပိုတိုးလာစေမှာဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T