အိန္ဒိယက အမျိုးသားတစ်ဦးဟာ တန်ဖိုးကြီး ကားတစ်စီးကို ကြွေစေ့များဖြင့် ဝယ်ယူခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခုဟာ လတ်တလော လူမှုကွန်ယက်တစ်ခုမှာ ဖော်ပြလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်က တမီးလ်နာဒူမြို့က Vetrivel လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ Rs 6 သိန်းတန် (မြန်မာငွေ သိန်း ၁၄၀ ကျော်) ကားတစ်စီးကို Rs 10 အကြွေစေ့ဖြင့် ပေးချေပြီး ဝယ်ပြီးနောက် လူမှုမီဒီယာပေါ်မှာ အထူးရေပန်းစားခဲ့တာပါ။

သူဟာ အဆိုပါ ကားကို ဝယ်ယူနိုင်ဖို့အတွက် အကြွေစေ့တွေကို တစ်လခန့် စုဆောင်းခဲ့တာလို့လည်း သိရပါတယ်။ အကြွေစေ့အထုပ်နဲ့ ဓမ္မပူရီရှိ ကားအရောင်းဆိုင်ကို ကားဝယ်ဖို့ သွားရောက်ခဲ့တဲ့ အချိန်မှာလည်း ဆိုင်ဝန်ထမ်းတွေအားလုံး အကြီးအကျယ် အံ့အားသင့်ခဲ့ရတယ်လို့ လည်း ဆိုပါတယ်။

Vetrivel ရဲ့ မိခင်ဟာ ဆိုင်တစ်ဆိုင်ဖွင့်ပြီး Rs 10 အကြွေစေ့များကို လက်ခံရပေမယ့် ပြန်ပေးတဲ့ အခါလက်မခံတဲ့ ဖောက်သည်များနဲ့ ကြုံတွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။အချိန်ကြာလာတဲ့ အခါမှာတော့ ဖောက်သည်တွေ လက်ခံချင်တဲ့ အကြွေစေ့တွေက အိမ်မှာများပြားလာခဲ့ပါတယ်။ အကြွေစေ့တွေကို ဖောက်သည်တွေက လက်မခံချင်ကြသလို ဘဏ်များကလည်း အသုံးပြုဖို့ ဝန်လေးကြပါတယ်။

ကားအရောင်းကိုယ်စားလှယ်များကတော့ အရောင်းအ၀ယ်ပြုလုပ်ဖို့ ကနဦးမှာ ချီတုံချတုံဖြစ်နေပေမယ့် Vetrivel ရဲ့ လုပ်ရပ်လေးကို လေးစားသော်အားဖြင့် သူလိုချင်တဲ့ ကားကို ရောင်းပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနည်းငယ်ကလည်း အာသံပြည်နယ်မှ အမျိုးသားတစ်ဦးလည်း ဟင်းသီးဟင်းရွက်ရောင်းရတဲ့ အကြေွစေ့များဖြင့် စကူတာအသစ်တစ်လုံးဝယ်ယူခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။