လုပ်ဆောင်ချက်တွေအများကြီးနဲ့ အရမ်းပိုလန်းသွားမယ့် Telegram ရဲ့ Premium ဗားရှင်း

//s9.kh1.co/df/df6dc1b591cd7549def6c6d549da696b8365c43d.webp
MPT

 ၂၂-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

လုပ်ဆောင်ချက်တွေအများကြီးနဲ့ အရမ်းပိုလန်းသွားမယ့် Telegram ရဲ့ Premium ဗားရှင်း

လုပ်ဆောင်ချက်တွေအစုံအလင်နဲ့ နယ်ပယ်မျိုးစုံအတွက် အသုံးဝင်တဲ့ Telegram ဟာ Premium ဗားရှင်းတစ်ခုကိုထုတ်ပေးလိုက်ပါပြီ။လစဥ် ၅ ဒေါ်လာလောက်ကျသင့်မယ့် Premium အစီအစဥ်မှာဆို အသုံးပြုသူတွေဟာ လက်ရှိလုပ်ဆောင်ချက်တွေကို ပိုကောင်းကောင်းသုံးနိုင်မှာဖြစ်ပြီး တခြားအသစ်တွေလည်း အများကြီးထပ်ပါလာမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/e3/e3eae867730fc9348ee8d344d50eca021936f7aa.png

လစဥ်ကြေးနဲ့အသုံးပြုသူတွေဟာ ပုံမှန်အသုံးပြုသူတွေထက် နှစ်ဆလောက်ပိုတဲ့ လုပ်ဆောင်ချက်တွေကိုရရှိမှာပါ။ပုံမှန်ဆို Channel ၅၀၀ လောက်ကိုပဲ join လို့ရပေမဲ့ Premium မှာ Channel ၁၀၀၀ လောက်ထိကို join လို့ရပြီး Chat ပေါင်း ၂၀၀ လောက်နဲ့လည်း Folder ပေါင်း ၂၀ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။စတစ်ကာပေါင်း ၁၀ ခုထိသိမ်းထားနိုင်ပြီး Pin လုပ်နိုင်တဲ့ Chat အရည်အတွက်ကလည်း ၁၀ ခုထိတိုးသွားမှာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/6d/6d693c0b89731bae509d230fd3419b722750b96c.png

Telegram အကောင့် ၄ ခုလောက်ကိုလည်းတခါတည်း Login ဝင်ထားနိုင်မယ့်အပြင် ပုံမှန်အသုံးပြုသူတွေထက်လည်း Bio ကိုခပ်ရှည်ရှည်ရေးလို့ရကာ Link တစ်ခုပါထည့်ထားနိုင်မယ်လို့သိရပါတယ်။Upload လုပ်နိုင်တဲ့ File size ပမာဏက 4GB ထိတိုးသွားမှာဖြစ်ပြီး Download Speed လည်းပိုမိုမြန်ဆန်သွားမှာဖြစ်ပါတယ်။စတစ်ကာတွေကို စခရင်အပြည့်နဲ့ကြည့်နိုင်မှာလည်းဖြစ်ပြီး နောက်ထပ်အထူး Emoji Reaction တွေ၊ကာတွန်းပုံ Profile Picture တွေနဲ့ ကိုယ်ပြောလိုက်တဲ့စကားသံကို စာအဖြစ်ပြောင်းလဲပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်လာတဲ့အပြင် Public Channel တွေထဲမှာ ကြောငြာ Message တွေကိုလည်း မြင်ရတော့မှာမဟုတ်ပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/09/09958f58bab250a4c85ef7530671ee84524e0888.png

Telegram ရဲ့ CEO ဖြစ်သူ Pavel Durov ကအခမဲ့အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်မှာမဟုတ်ကြောင်း ပြောကြားထားပါတယ်။Blog Post တစ်ခုအရလည်း အခမဲ့သုံးသူတွေနဲ့ လစဥ်ကြေးပေးသုံးသူတွေကြားမှာ ဘာမှထူးထူးဆန်းဆန်းပြောင်းလဲသွားမှာမဟုတ်တဲ့အပြင် အခမဲ့အသုံးပြုတွေအတွက် လုပ်ဆောင်ချက်အသစ်အသစ်တွေကိုလည်း တောက်လျှောက်ထည့်ပေးသွားမယ့်အကြောင်းကိုပါ ကတိပေးပြောဆိုထားပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T