ရောဂါပိုးတစ်ခုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ဆေးရုံမှာ သူရဲ့ အသက်မဲ့ခန္ဓာကိုယ်ကြီးကို ဆရာ၀န်တွေ ကယ်တင်ဖို့ အသည်းအသန်လုပ်ဆောင်နေတာကို ငုံ့ကြည့်ခဲ့တာ မှတ်မိကြောင်း ပြောပြခဲ့ပါတယ်။ Personal trainer တစ်ယောက်ဖြစ်တဲ့ Slav Wojcik ဟာ ၂၀၂၁ ခုနှစ် မေလတုန်းက ရောဂါပိုးကြောင့် ဖျားနားခဲ့ပါတယ်။ ပထမတော့ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Slav ဟာ အသားေတွတုန်ပြီး မူးနေခဲ့ပါတယ်။ သူကိုယ်သူ အိပ်လိုက်ရင် သက်သာသွားမယ်လို့ ထင်ခဲ့ပေမယ့် သူ့အခြေအနေတွေက ပိုလို့ဆိုးလာခဲ့ပါတယ်။

သူ့မိန်းမက ဆေးရုံးခေါ်သွားခဲ့ပြီး ဆရာ၀န်တွေက စစ်တော့ ရောဂါပိုး၀င်နေတာကို တွေ့ခဲ့ရပါတယ်။ " ကျွန်တော်တုန်နေတာ မရပ်တော့ဘူး။ ကျွန်တော်ရဲ့ ဆီးအိမ်၊ ကျောက်ကပ် နဲ့ အစာအိမ်ကလည်း အလုပ်မလုပ်တော့ပါဘူး။ နောက်တစ်ခုကတော့ ကျွန်တော်ဟာ ပြင်းထန်တဲ့အခြေအနေမှာ စက်တွေနဲ့ချိတ်ထားရပြီး အထီးကျန်တဲ့ အခန်းမှာရှိနေခဲ့ရတယ်။ အဲ့နောက် ကျွန်တော့်ဘဝအတွက် တိုက်ပွဲစတင်ခဲ့ပါတယ်။ ပထမ ၄၈ နာရီလောက်က ခပ်ဝါး၀ါးပါပဲ။ ကျွန်တော်အကုန်လုံးကို ပြန်သတိရပါတယ်။ ကျွန်တော့်နှလုံးက ရပ်လိုက် ပြန်ခုန်လိုက်ဖြစ်တာ နာရီပိုင်းအတွင်းမှာ နှစ်ကြမ်လောက်ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ထဲက လိုပါပဲ။ "

" အဲ့ဒီတစ်ချိန်မှာ ကျွန်တော့် ခန္ဓာကိုယ်ထဲကနေ ထွက်သွားပြီး ကုတင်ပေါ်မှာလဲနေတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ပြန်မြင်နေခဲ့ရပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ခန္ဓာကိုယ်ကြားမှာ မတူညီတဲ့ တခြား အချိန်ကာလ တစ်ခုက စည်းခြားထားသလိုပါပဲ။ ဆရာ၀န်တွေပြောတာကို အတတ်နိုင်ဆုံး ကျွန်တော်နားထောင်နေခဲ့ပါတယ်။ ကျွန်တော်စိတ်ငြိမ်ငြိမ် ဒီအခြေအနေကိုလက်ခံခဲ့ပြီး ဘာပဲဖြစ်လာဖြစ်လာ လက်ခံဖို့ အဆင့်သင့်ပါပဲ။ ကျွန်တော်သေခဲ့ရင်တောင် အသက်ရှင်တုန်းက လုပ်ချင်တာတွေ လုပ်နိုင်ခဲ့တဲ့အတွက် နောင်တမရပါဘူး။ "

၃ ရက်လောက် အရေးပေါ်ကုသဆောင်မှာ ကုသခဲ့ပြီးနောက် Slav ရဲ့ ခန္ဓာကိုယ်ဟာ လှုပ်လို့မရပေမယ့် ပုံမှန်အတိုင်း ပြန်ရောက်ခဲ့ပါတယ်။ ရောဂါပိုး၀င်ခြင်းကြောင့် သူ့နှလုံးခုန်ပုံဟာ ပုံမှန်မဟုတ်ေတာ့ပဲ ရပ်လိုက် ခုန်လိုက်ပါပဲ။ Slav ရဲ့ နှလုံးခုန်နှုန်း ပုံမှန်ပြန်ရောက်ဖို့ ၆ ပတ် ကြာခဲ့ပါတယ်။ သူအနေနဲ့ ခုလိုသေရာကနေ ပြန်ရှင်လာတဲ့အတွက် အံ့ဩခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ ခုလို သေရွာပြန်ဖြစ်ရပ်များဟာ ယနေ့ချိန်ထိကို အံ့ဖွယ် ဖြစ်ရပ်တစ်ခုဖြစ်နေတုန်းပါပဲ။

သတင်း အရင်းအမြစ်៖ Daily Star