ကြောင်လေးတွေရဲ့ နှုတ်ခမ်းမွှေးကို ဘာကြောင့် မညှပ်သင့်တာလဲ ?

//s9.kh1.co/7d/7d39f11f59d66a98253c74b440b942ca07f1e31b.jpg
MPT

 ၁၆-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကြောင်လေးတွေရဲ့ နှုတ်ခမ်းမွှေးကို ဘာကြောင့် မညှပ်သင့်တာလဲ ?

လူတော်တော်များများက ကြောင်တွေမှာ ရှိနေတဲ့ နှုတ်ခမ်းမွှေးဟာ ကြောင်လေးတွေကို အလှဆင်ပေးတယ်လို့ ထင်နေကြပေမယ့် တကယ်တမ်းမှာတော့ အဲ့ဒီထက်ကိုပိုပါတယ်။ ဒီနှုတ်ခမ်းမွှေးတွေက ကြောင်တွေကို မှောင်နေတဲ့နေရာမှာ လမ်းမပျောက်စေဖို့၊ ခုန်ဖို့လိုအပ်တဲ့အခြေအနေမှာ ဟန်ချက်ညီညီနဲ့ ခုန်မိစေဖို့အတွက် များစွာ အထောက်အကူပြုတဲ့အပြင် သားကောင်အန္တရာယ်မှ လွန်မြောက်စေဖို့အတွက်လည်း အကူအညီပေးပါတယ်။

https://s9.kh1.co/__image/w=300,h=168,q=100/ec/ec76f4f615429c400e3c39e0605dc70f3534a963.jpg

Virissae လို့ခေါ်တဲ့ ဒီကြောင်နှုတ်ခမ်းမွှေးတွေက တောင့်တင်းတဲ့အမွှေးအမျှင် ပုံစံမှာရှိပြီး နှုတ်ခမ်းမွှေးတစ်ပင်စီဟာ ကြွက်သားနဲ့ အာရုံကြောစနစ်များကို ချိတ်ဆက်ထားကာ အလွန်အမင်းကို ထိလွယ်ရှလွယ်ပါတယ်။ ဒါ့အပြင် ဒီအမွှေးအမျှင်တွေဟာ ဦးနှောက်ဆီကို အချိတ်အဆက်မိမိနဲ့ အသိပေးချက်တွေပေးပို့ပါတယ်။

https://s9.kh1.co/__image/w=650,h=353,q=100/c6/c62107aec34c45d0a2b693850638417b30b931ee.jpg

နှုတ်ခမ်းမွှေးတွေက ကြောင်တွေရဲ့ ပါးနှစ်ဖက်မှာပဲ ရှိတာမဟုတ်ပါဘူး။ သူတို့လေးတွေရဲ့ မျက်လုံးအထက်၊ မေးစေ့၊ မေးရိုးတစ်လျှောက်နဲ့ ရှေ့ခြေသလုံးနောက်ဖက်တွေမှာလည်း ဒီအမွှေးအမျှင်တွေရှိပါတယ်။ ကြောင်တစ်ကောင်ဟာ တစ်စုံတစ်ခုကို စူးစမ်းရှာဖွေမှုတွေပြုလုပ်တဲ့အခါမျိုးမှာ ဦးဆုံး သူတို့ရဲ့ နှုတ်ခမ်းမွှေးနဲ့ အဲ့ဒီအရာကို ညင်သာစွာပွတ်တိုက်ကာ ခံစားမှုတွေပြုလုပ်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=275,h=183,q=100/47/47ae9176cb0b46adcd1358887474ad395a70009a.jpg

နှုတ်ခမ်းမွှေးဟာ ကြောင်တွေအတွက်တော့ အာရုံခံပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ကြောင်တစ်ကောင်ဟာ ငြိမ်ငြိမ်လေးထိုင်နေခဲ့မယ်ဆိုရင်တောင် သူတို့တွေရဲ့ နှုတ်ခမ်းမွှေးဟာ အလုပ်လုပ်နေမှာဖြစ်ပါတယ်။ ကြောင်တွေကို စဖို့အတွက် ခက်ခဲနေရတတဲ့အကြောင်းအရင်းကတော့ ကြိုတင်သတိပေးချက်တွေ ပြုလုပ်ပေးနေတဲ့ သူတို့တွေရဲ့ နှုတ်ခမ်းမွှေးကြောင့်လို့ဆိုနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/3d/3db443580640fa193a182a2093ca4c38c63db59c.webp

ဒီနှုတ်ခမ်းမွှေးတစ်ခုစီရဲ့အဆုံးမှာ proprioceptorလို့ခေါ်တဲ့ အာရုံခံအင်္ဂါရှိပြီး Proprioceptor က ကြောင်ရဲ့ ခန္ဓာကိုယ်နဲ့ ခြေလက်အင်္ဂါ အစိတ်အပိုင်းတွေဆီကို သတင်းအချက်အလက်တွေပေးပို့ပါတယ်။ကြောင်ရဲ့ နှုတ်ခမ်းမွှေးများကို ညှပ်ခြင်းက လူတွေရဲ့ လက်ချောင်းအဆုံးတွေကို ညှပ်ခြင်းနဲ့ဆင်တူပါတယ်။ ကြောင်နှုတ်ခမ်းမွှေးကိုသာ ညှပ်ခဲ့မယ်ဆိုရင်တော့ ကြောင်တွေကို မျက်စိလည် လမ်းပျောက်အောင် လုပ်သလိုဖြစ်စေမှာဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T