အသက် (၁၉)နှစ်အရွယ်ရှိတဲ့ Audrey Cheyenne-Smiley Moon က အသက် (၆၁)နှစ်အရွယ်ရှိတဲ့ ကလေးနှစ်ယောက်အဖေနဲ့ Dating Site တစ်ခုမှာတွေ့ပြီး ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ် ။ အွန်လိုင်းပေါ်ကနေ တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ဦးက အချိန် (၆)ကြာလကြာအောင် အပြန်အလှန်စကားပြောဖြစ်ခဲ့ပြီးနောက် အပြင်မှာတွေ့ဆုံခဲ့တာ ဖြစ်ပါတယ် ။ Audrey က သူမထက် အသက် (၄၂)နှစ်ကြီးတဲ့ ချစ်သူ Kevin နဲ့ဆက်ဆံရေးကို မိဘတွေကို အသိပေးခဲ့တာ ဖြစ်ပါတယ် ။ Audrey က Kevinကို သူမရဲ့မိဘတွေနဲ့ မိတ်ဆက်ပေးတဲ့အခါမှာတော့ မိဘတွေက သဘောမတူတာကြောင့်ရဲခေါ်ပြီး Kevin ကိုဖမ်းခိုင်းခဲ့ကြတာ ဖြစ်ပါတယ် ။
Audrey ရဲ့မိဘတွေက Kevin ကို ခါးခါးသီးသီးငြင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ Kevinက သူရဲ့ရည်ရွယ်ချက်ကို သက်သေပြီး အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ Audrey က စစ်တပ်အရာရှိတစ်ဦးဖြစ်သလို Kevinကလည်း စစ်မှုထမ်းဟောင်းတစ်ယောက် ဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကနေ တရားဝင်ချစ်သူတွေဖြစ်ခဲ့ကြတဲ့ Audrey တို့စုံတွဲက (၂၀၂၀)ခုနှစ်ဇူလိုင်လမှာတော့ လူချင်းတရားဝင်တွေ့ဆုံပြီး သူတိုတို့ရဲ့ ပထမဆုံးအနမ်းကို မျှဝေခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်က မြင်မြင်ချင်းမှာပဲ ချစ်မိသွားကြတာဖြစ်ကြောင်း Kevin က ဖွင့်ဟပြောဆိုခဲ့ပါသေးတယ်။
Audrey ကလည်း သူတို့နှစ်ယောက်ကြားက အသက်ကွာဟမှုတွေနဲ့ ခြားနားမှုတွေက အရေးမကြီးဘူးလို့ ယုံကြည်ထားကြောင်း၊ Kevin ကသူမအတွက်တော့ အရမ်းချောမောတဲ့ ယောက်ျားတစ်ယောက်ဖြစ်ကြောင်း၊ သူတို့နှစ်ဦးက ပွင့်ပွင့်လင်းလင်းရှိပြီး တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိကြကြောင်း ပြောခဲ့တာ ဖြစ်ပါတယ် ။ အိမ်ထောင်ကျခဲ့ဖူးတဲ့ Kevin ကတော့ အသက်(၁၆)နှစ်နဲ့ အသက်(၂၃)နှစ်အရွယ် ကလေးနှစ်ယောက်ရှိပြီး ကလေးတွေကလည်း သူတို့ရဲ့အချစ်ရေးကို လက်ခံကြတာ ဖြစ်ပါတယ် ။
(၂၀၂၁)ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့မှာတော့ သူတို့စုံတွဲက Nevadaရှိ ဘုရားကျောင်းတစ်ခုမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်က အတူတူနေပြီး ဘယ်တော့မှမခွဲဖို့ ဆုံးဖြတ်ထားသလို ကလေးယူဖို့လည်း စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ် ။ အခုတော့ လက်ထပ်ပြီးပေမယ့် သူတို့စုံတွဲက ခဏခွဲနေနေရပြီး Kevin က ကယ်လီဖိုးနီးယားမှာ အလုပ်လုပ်နေရဆဲ ဖြစ်ပါတယ်။ Kevin အငြိမ်းစားယူတဲ့အချိန်ကျမှ သူတို့နှစ်ယောက်က အတူတူနေဖို့ စီစဥ်ထားကြတာ ဖြစ်ပါတယ်။
Source & Photo Credit-DailyMail