မနီလာလေဆိပ်မှာ ခရီးသည်ရဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံခိုးယူခဲ့တဲ့ လုံခြုံရေးအရာရှိတစ်ဦးကို ဖမ်းဆီး

//s9.kh1.co/a5/a5dbc3527b6e14c188ab34cbd516fd118682e8dc.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၇ လ က

မနီလာလေဆိပ်မှာ ခရီးသည်ရဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံခိုးယူခဲ့တဲ့ လုံခြုံရေးအရာရှိတစ်ဦးကို ဖမ်းဆီး

ပိုင်ဖိလစ်ပိုင်နိုင်ငံ မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်က စစ်ဆေးမှုအရာရှိတစ်ဦးဟာ ခရီးသည်တစ်ဦးရဲ့ ပိုက်ဆံအိတ်ထဲကနေ အမေရိကန်ဒေါ်လာ ၃၀၀ တန် ငွေသားကို ခိုးယူခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက်က ဖြစ်သွားခဲ့တာလို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/f4/f40c0386ae8f2e0051720685acb4d75686057af2.jpg

လေဆိပ်လုံခြုံရေးကင်မရာကနေ ဖမ်းယူရရှိတဲ့ ဗီဒီယိုဖိုင်တွေအရ  Irency Morados လို့သိထားကြတဲ့ စစ်ဆေးရေး ရဲအရာရှိအမျိုးသမီးဟာ ခရီးသည်ရဲ့ ပိုက်ဆံတွေကို ခိုးယူခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃၀၀ တန် ငွေစက္ကူများကို အခြားသူတွေ မသိအောင် သူမရဲ့ပါးစပ်ထဲကို ရေနှင့် အတင်းမျိုချနေတာကို မြင်တွေ့ရပါတယ်။ အဆိုပါ ရဲအရာရှိဟာ ပိုက်ဆံတွေကို လူမြင်သွားမှာဆိုးလို့ ပါးစပ်ထဲအတင်းမျိုချနေပေမယ့် အရှေ့မှာ လုံခြုံရေးကင်မရာရှိနေတာကို သူမသတိမထားမိခဲ့ပါဘူး။

https://s9.kh1.co/__image/w=320,h=180,q=100/64/64c4d8e984ead10a9bb84cc223a52b907dc9aa44.jpg

အဲ့ဒီနောက် ခရီးသည်က သူ့ရဲ့ အိတ်ထဲက ပိုက်ဆံအိတ်ပွင့်နေတာကို သတိထားမိပြီး စစ်ဆေးရေး လုပ်နေတဲ့ လုံခြုံရေးရဲတွေကို သွားရောက်တိုင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက လုံခြုံရေးကင်မရာ ပြန်စစ်ဆေးကြည့်ရာမှာ သူတို့ရဲ့ ရဲအရာရှိ Morados ဟာ မင်္သကာစရာ အပြုအမူကို လုပ်ဆောင်နေတာကို တွေ့ရှိခဲ့ပါတယ်။ Morados ကို လေဆိပ်ရဲ့ ကြီးကြပ်ရေးမှူး De Luna က ဖြစ်စဉ်အကြောင်းအရင်းကိုခေါ်ယူမေးခဲ့ပေမယ့် သူမငြင်းဆိုးခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=565,h=287,q=100/d3/d37ba43a29d9886df2175626688d579ee0f93ad5.png

ယမန်နေ့ စက်တင်ဘာ ၂၁ ရက်က ခရီးသည်ရဲ့ ပိုက်ဆံခိုးယူခဲ့တဲ့ Morados ကို  ဖိလစ်ပိုင်လေဆိပ်အာဏာပိုင်များက ဖမ်းဆီးတရားစွဲဆိုဖို့ အမိန့်ပေးခဲ့ပြီး သူမနဲ့ ထိုက်တန်တဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ 

ယခုနှစ်အစောပိုင်းတုန်းကလည်း မနီလာလေဆိပ်မှာ အလားတူ လေဆိပ်လုံခြုံရေးဝန်ထမ်းတွေက ထိုင်းခရီးသွားတစ်ဦးဆီကနေ ပိုက်ဆံခိုးယူခဲ့တာကို တွေ့ရှိခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ခရီးသည်တစ်ဦးရဲ့ နာရီကို ခိုးယူမှုကြောင့် နောက်ထပ် စစ်ဆေးရေးအရာရှိတစ်ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။ 

သတင်း အရင်းအမြစ်Source- The Star

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T