ထိုင်းနိုင်ငံ ရယောင်းခရိုင်မှာ မိန်းကလေးတစ်ဦးကို အိပ်ယာပေါ် ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့တဲ့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အသက်(၅၀) ဝန်းကျင်ရှိတဲ့ အမျိုးသားလူသတ်တရားခံဟာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မိန်းလေးရဲ့ ပစ္စည်းတွေကို ခိုးယူခဲ့တဲ့အပြင် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါလူသတ်မှုဟာ ထိုင်းလူမှုကွန်ယက်မှာ အတော်လေးကို လူပြောများခဲ့ပြီး ပြည်သူတွေက အတော်လေးကို စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ ဖမ်းဆီးမိခဲ့တဲ့ လူသတ်တရားခံကို သူ့ရဲ့လှုပ်ရှားမှုအတိုင်း ပြန်လည်ပြသစေဖို့အတွက် ထိုင်းရဲတွေက အပြင်ခေါ်ထုတ်လာချိန်မှာ ထောင်သောင်းများစွာသော လူအုပ်ကြီးက တရားခံဆီကို အတင်းတိုးဝင်လာကြပါတယ်။
အခဲမကြေဖြစ်နေတဲ့ လူအုပ်ကြီးက ထိန်းမနိုင်လောက်အောင် ရုတ်ရုတ်သဲသဲဖြစ်သွားတာကြောင့် ထိုင်းရဲတွေဟာ အတော်လေးကို တားဆီးခဲ့ကြရပါတယ်။ လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ လူသတ်တရားခံကို ခေါ်ထုတ်လာချိန် အုတ်အော်သောင်းကျန်း ဖြစ်ခဲ့ကြတဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page