ပထွေးဖြစ်သူက ခေါင်းအုံးနဲ့ဖိသတ်ခဲ့ပေမယ့် အသက်ဘေးမှလွတ်မြောက်ခဲ့တဲ့ မောင်ကံကောင်းလေးရဲ့ ဝမ်းနည်းစရာကောင်းလွန်းတဲ့အဖြစ်

//s9.kh1.co/90/90499f73e478ca4abb5c5c35cfd6262f3369e78f.jpeg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

လူရွှင်တော်ဦးမိုးဒီ၊ ဦးကံပွင့်၊ ဦးချစ်ချော၊ ဖိုးသဲနဲ့ မိုးစက်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အခက်အခဲဖြစ်နေတဲ့ မိုးမခရေလည်ပရဟိတ မိဘမဲ့ကျောင်းမှာ လိုအပ်တာတွေ လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။ ဆရာတော်ကြီးကျောင်းမှာ အလှူလေးတွေပြုလုပ်ရင်း ဆရာတော်ကြီး မွေးစားထားတဲ့ မောင်ကံကောင်းဆိုတဲ့ ကလေးငယ်လေးနဲ့ တွေ့ဆုံခဲ့ပြီး စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို ပြောပြလာပါတယ်။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

ဖိုးကံကောင်းလေးကတော့ ပထွေးဖြစ်သူက ခေါင်းအုံးနဲ့ဖိသတ်ခဲ့ပေမယ့် သေကံမရောက် သက်မပျောက်ဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ရသူလေးပဲ ဖြစ်ပါတယ်။ ခေါင်းအုံးနဲ့ဖိသတ်ခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့တဲ့အနေနဲ့ မောင်ကံကောင်းဆိုပြီး ဆရာတော်ကြီးက နာမည်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

ကလေးဘဝမှာကတည်း လောကဓံရဲ့ ရိုက်နှက်မှုတွေနဲ့ ပထွေးဖြစ်သူရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ခံခဲ့ရတဲ့ မောင်ကံကောင်းလေးအတွက် အားလုံးက စိတ်မကောင်းဖြစ်ကြရသလို သနားကရုဏာတွေနဲ့ အချစ်ပိုကြတာလည်း ဖြစ်ပါတယ်။ မိုးမခရေလည်ပရဟိတကျောင်း ရဲ့ တည်နေရာကတော့ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်(၉၉) မိုင် (၄)ဖာလုံ ကညွှတ်ကွင်းမြို့ အနောက်ဘက် မိုးမခကျေးရွာတည်ရှိတာ ဖြစ်ပါတယ်။ 

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

သတင်း အရင်းအမြစ်Moe Sat's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T