ယနေ့မနက်ပိုင်းက အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့်ရှိ မော်တော်ပီကယ်ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရုပ်သံဗီဒီယိုဖိုင်

//s9.kh1.co/12/12d2a781baa58b9031cdc9bb57304f93c9bd2b82.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ယနေ့မနက်ပိုင်းက အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့်ရှိ မော်တော်ပီကယ်ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရုပ်သံဗီဒီယိုဖိုင်

ယခုလတ်တလောမှာတော့ ရန်ကုန်မြို့ရှိ နေရာတော်တော်များများမှာ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ အာဏာရှင်တွေနဲ့ ပတ်သပ်ဆက်နွယ်နေတဲ့ အဆောက်အအုံတွေ၊ ရဲစခန်းတွေနဲ့ ယာဥ်ထိန်းရဲရုံးတွေနားမှာ ပေါက်ကွဲမှုတွေ အများဆုံးဖြစ်ပေါ်နေတာ ဖြစ်ပါတယ် ။ ယနေ့မနက်မှာဆိုရင်လည်း ရန်ကုန်မြို့၊ ပြည်လမ်းနဲ့အင်းလျားလမ်းထောင့်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

Photo Credit-"Kamayut Information-KMY INFO" FB Page
Photo Credit-"Kamayut Information-KMY INFO" FB Page

ယနေ့ စက်တင်ဘာလ (၁၇)ရက်နေ့၊ မနက် (၆)နာရီဝန်းကျင်အချိန်ခန့်က ပြည်လမ်းနဲ့အင်းလျားလမ်းထောင့်ရှိ မော်တော်ပီကယ်ရုံးမှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ် ။ လုံခြုံရေးတင်းကျပ်ချထားတဲ့ ယာဥ်ထိန်းရုံးမှာ အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်သူရှိမရှိကိုတော့ အခုချိန်အထိ အတိအကျ မသိရသေးတာ ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လမ်းပိတ်ပြီး စစ်ဆေးတာမျိုးတွေရှိခဲ့ပေမယ့် အခုချိန်မှာတော့ မော်တော်ယာဉ်တွေ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ သိရှိရတာပဲ ဖြစ်ပါတယ် ။

Photo Credit-"Kamayut Information-KMY INFO" FB Page
Photo Credit-"Kamayut Information-KMY INFO" FB Page

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အချိန်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ယနေ့မနက်ပိုင်းက ရွှေပြည်သာမြို့နယ်မှာလည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ ရွှေပြည်သာမြို့နယ် Information Page တွေက အသိပေးထားပါသေးတယ်။ ပြည်လမ်းနဲ့အင်းလျားလမ်းထောင့်ရှိ မော်တော်ပီကယ်ရုံးမှာ ဗုံးပေါက်ကွဲခဲ့တဲ့ မြင်ကွင်းဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-"Kamayut Information-KMY INFO" FB Page

Photo Credit-"Kamayut Information-KMY INFO" FB Page
Photo Credit-"Kamayut Information-KMY INFO" FB Page
Photo Credit-"Kamayut Information-KMY INFO" FB Page
Photo Credit-"Kamayut Information-KMY INFO" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T