အသက်ခြောက်နှစ်အရွယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ သမီးဖြစ်သူနဲ့ (၁၄) နှစ်ကြာမှ ပြန်ဆုံခဲ့ရတဲ့ မိခင်တစ်ယောက်ရဲ့ဖြစ်ရပ်

//s9.kh1.co/19/19b8462b22c86320e028356664b650e37d01cf87.png
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လောကကြီးမှာထင်မှတ်မထားတဲ့ဖြစ်ရပ်တွေဟာလည်း ကြာရသူတိုင်းကို အံ့သြတကြီး ဖြစ်စေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဖလော်ရီဒါပြည်နယ်က Angelica Vences-Salgado ဆိုတဲ့မိခင်တစ်ဦးဟာ သူမရဲ့သမီးလေး Jacqueline Hernandez နဲ့မတွေ့ရတာနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး သမီးလေးဟာ အသက် (၆) နှစ်အရွယ်မှာပြန်ပေးဆွဲခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်ဟာ သူမရဲ့ခင်ပွန်း Pablo Hernandez ကိုယ်တိုင်ပြုလုပ်ခဲ့တာဖြစ်ပြီး သမီးဖြစ်သူကိုပြန်ပေးဆွဲကာ သူ့အမျိုးတွေရှိတဲ့ Nicaragua နိုင်ငံကိုစေလွှတ်ပြီးနေစေခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ ပျောက်ဆုံးသွားတဲ့သမီးလေးနဲ့ နောက်တစ်ကြိမ် ပြန်ဆုံနိုင်ဖို့ မျှော်လင့်ချက်တွေတပွေ့တပိုက်နဲ့နေခဲ့ရပါတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

သမီးလေးပျောက်ဆုံးခဲ့ပြီး (၁၄) နှစ်အကြာမှာတော့ Angelica Vences-Salgado ဟာ Social Media ကနေ သမီးဖြစ်သူရဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့ပြီး သမီးလေးဟာ မက်စီကိုနိုင်ငံမှာ ရှိနေကြောင်းသိခဲ့ရပါ တယ်။ ရဲတပ်ဖွဲ့ဟာလည်း ဖုန်းခေါ်ဆိုသူမိန်းကလေးဟာ Angelica Vences-Salgado ရဲ့ သမီးဖြစ်သူ ဟုတ်မဟုတ်ကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ နှစ်အတော်ကြာကွဲကွာနေကြတဲ့ သားအမိနှစ်ယောက်ဟာ ပြန်လည်ဆုံဆည်းနိုင်ခဲ့ပါပြီ။ မိခင်ဟာလည်း တစ်သက်လုံးတွေ့ချင်စိတ်နဲ့ စောင့်မျှော်လာခဲ့ရတဲ့သမီးလေးကို မြင်လိုက်ချိန်မှာ ဝမ်းနည်းဝမ်းသာခံစားချက်တွေနဲ့ ရင်ခွင်ထဲမှာ ပွေ့ဖက်ပြီး နမ်းမဝဖြစ်နေခဲ့တဲ့ ပုံရိပ်လေးဟာ တကယ်ကိုကြည်နူးစရာပါ။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

ချစ်လို့မဝတဲ့အရွယ်လေးမှာပဲ သမီးဖြစ်သူနဲ့ခွဲခဲ့ရပြီး နှစ်တွေအကြာကြီးနေမှပြန်ဆုံတော့လည်း ငယ်စဉ်ကတည်းကချစ်ခဲ့ရတဲ့ ကလေးသေးသေးလေးလိုပဲ မျက်လုံးထဲမြင်ယောင်ပြီး ချစ်နေဆဲပါပဲ။ သားသမီးတွေဟာ အသက်ဘယ်လောက်ပဲကြီးလာပါစေ မိဘတွေရဲ့အမြင်မှာတော့ အမြဲတမ်း ကလေးလေးပါပဲ။ အချိန်တွေကြာမှပြန်ဆုံကြပေမယ့် သားအမိနှစ်ယောက်ရဲ့အပြန်အလှန်မေတ္တာတွေ ကတော့ နွေးထွေးနေဆဲပါပဲ။ ဘယ်တော့မှ ပြောင်းလဲမသွားတဲ့မေတ္တာတရားတွေထဲမှာ မိဘနဲ့သားသမီးရဲ့ချစ်ခြင်းမေတ္တာက ထိပ်ဆုံးကပါပဲ။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

သတင်း အရင်းအမြစ်CNN's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T