ယမန်နေ့တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ လူငယ်လေး နှစ်ဦးရဲ့ နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ပေးကြတဲ့ ကရင်နီရဲဘော်များရဲ့ ၀မ်းနည်းဖွယ် ဗီဒီယို

//s9.kh1.co/73/73bc614feb935d98f31f1435d19126bbcdb3c076.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တော်လှန်ရေးကြီး အရှိန်မြင့်လာတာနဲ့အမျှ မြန်မာနိုင်ငံရှိနေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်ပေါ်လာပြီး တိုင်းရင်းသားဒေသတွေမှာ ပိုပြီးပြင်းထန်လာနေတာဖြစ်ပါတယ်။ ကယားပြည်နယ်မှာဆိုရင်လည်း တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အခုအချိန်အထိ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေအများအပြားရှိနေပြီး တစ်ချို့ပြည်သူတွေရဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတာ ဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်လူငယ်လေးတွေဟာလည်း မိမိတို့ပြည်နယ်ဒေသတွေကို ကာကွယ်ဖို့အတွက် အသက်ကိုရင်းကာ တိုက်ပွဲ၀င်နေကြပြီး ငယ်ရွယ်တဲ့လူငယ်လေးတွေပါမကျန် အားလုံးကြိုးစားတိုက်ပွဲ၀င်နေကြတာဖြစ်ပါတယ် ။ ယမန်‌နေ့ စက်တင်ဘာလ (၁၄) ရက်မှာလည်း ကယားပြည်နယ် ၊ ကဒါးလားရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး KNDF တပ်ရင်း (၁)ဘက်က ရဲဘော်နှစ်ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ကျဆုံးခဲ့တဲ့ရဲဘော်လေးတွေမှာ ကျောင်းဆရာတစ်ဦးနဲ့ လူငယ်လေး ပီတာဂျွန်တို့ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ ‌ရဲဘော်တွေစုပေါင်းပြီး ဆုတောင်းမေတ္တာပို့သကြကာ နာရေးပို့ခဲ့ကြတာဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားခဲ့ကြတဲ့ သူရဲကောင်းလေးနှစ်ဦးလည်း ကောင်းရာမွန်ရာကိုရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်News Light in Karenni's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T