သားဖြစ်သူရဲ့ နှစ်နဲ့ချီစွန့်ပစ်ခြင်း ခံထားရတဲ့ အဘွားအိုတစ်ဦးကို ခေါ်ယူစောင့်ရှောက်ပေးပြီး နားကြားကိရိယာလေး တပ်ပေးခဲ့တဲ့ ပရဟိတသမားများ

//s9.kh1.co/0e/0e72f75d2d10ab57e9df72960f5f35651709ea7e.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

သားဖြစ်သူရဲ့ နှစ်နဲ့ချီစွန့်ပစ်ခြင်း ခံထားရတဲ့ အဘွားအိုတစ်ဦးကို ခေါ်ယူစောင့်ရှောက်ပေးပြီး နားကြားကိရိယာလေး တပ်ပေးခဲ့တဲ့ ပရဟိတသမားများ

ယခုလိုကိုဗစ်ကပ်ရောဂါတွေကြောင့် စီးပွားရေးမပြေလည်တဲ့ အချိန်ကာလကြီးမှာ မြန်မာပြည်သူတွေဟာ ဒုက္ခတွေရောက်ပြီး အခက်အခဲတွေများစွာကို ရင်ဆိုင်နေရပါတယ်။ ပရဟိတသမားတွေ၊အဆင်ပြေတဲ့လူတွေကလည်း စားဝတ်နေရေးအဆင်မပြေကြတဲ့ ပြည်သူတွေကို သူတို့တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးနေကြပါတယ်။ မော်လမြိုင်မြို့က အသက် (၇၀) အရွယ်ရှိ အဘွားအိုတစ်ဦးဟာ ချွေးမဖြစ်သူနဲ့မတည့်တာကြောင့် သားဖြစ်သူရဲ့ နှစ်နဲ့ချီစွန့်ပစ်ခြင်းကို ခံထားရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါအဘွားအိုတစ်ဦးဟာ ပြိုကျလုနီးပါးဖြစ်နေတဲ့ လိုင်းခန်းလေးမှာ တစ်ယောက်တည်းနေထိုင်နေရတာ ဖြစ်ပြီး စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ယခုမှာတော့ ပရဟိတသမားတွေက ဒုက္ခရောက်နေတဲ့ အဆိုပါအဘွားအိုကို မြဆည်းဆာဘိုးဘွားရိပ်သာဆီ သွားရောက်ခေါ်ဆောင်လာခဲ့ပြီး ပြုစုစောင့်ရှောက်ပေးထားခဲ့ပါတယ်။ သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံထားရတဲ့ အဆိုပါအဘွားအိုဟာ အကြားအာရုံချို့တဲ့နေတဲ့ ဝေဒနာကို ခံစားနေရတာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

နားသိပ်မကြားတဲ့ အဆိုပါအဘွားအိုအတွက် ပရဟိတသမားတွေက နားကြားကိရိယာ( ၁)ခုကိုဝယ်ယူပေးခဲ့ပြီး သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ ရိပ်သာမှာနေထိုင်နေပြီး နားမကြားတဲ့ တစ်ခြားအဘွားအိုတစ်ဦးဆီကိုလည်း နားကြားကိရိယာတစ်ခု လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ နားကြားကိရိယာလေးရရှိသွားပြီး အရင်လိုနားပြန်ကြားရတော့မှာဖြစ်တာကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ အဘွားအိုတစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T