လတ်တလောအခြေအနေတွေ အမျိုးမျိုးနဲ့ စီးပွားရေးကြပ်တည်းမှုတွေကြောင့် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေမှာ မိသားစုဝမ်းရေးအတွက် တော်တော်များများက ခက်ခဲနေကြရတာ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း မိသားစုတစ်စုဟာ စားဝတ်နေရေးအခက်အခဲတွေအပြင် နေထိုင်ရေးအတွက်ပါ ပူပန်နေရပြီး တော်တော်လေး ကြိုးစားရုန်းကန်နေကြရတာ စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ 

Photo Credit - Original Uploader

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြဝတီမြို့ မြေနီကုန်းလမ်ဆုံ တက္ကစီဂိတ်တစ်ခုမှာ အမျိုးသမီးတစ်ဦးဟာ ကလေး(၄)ယောက်နဲ့ အတူ မွန်ပြည်နယ် မုဒုံမြို့ကိုပြန်ဖို့ လမ်းစရိတ်တောင် မရှိတဲ့အတွက် နေပူပူထဲ ဒုက္ခရောက်နေခဲ့ကြရပါတယ်။ ကလေးတွေနဲ့ လမ်းပေါ်မှာ ဒုက္ခရောက်နေတဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့ သုံးလေးလကတည်းက ခင်ပွန်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းခံရတဲ့အပြင် အိမ်ဌားခလည်း မပေးနိုင်တာကြောင့် အိမ်ရှင်ကပါနှင်ချလိုက်လို့ သောကအပူတွေနဲ့ ဒုက္ခရောက်နေရှာတာ ဖြစ်ပါတယ်။ 

Photo Credit - Original Uploader

မြဝတီမြို့ကနေ မုဒုံမြို့ကို ပြန်စရာလမ်းစရိတ်မရှိလို့ ကလေးငယ်တွေနဲ့ ဒုက္ခရောက်နေရှာတဲ့ အဆိုပါအမျိုးသမီးတစ်ဦးကို စေတနာပြည်သူတစ်ဦးက လမ်းစရိတ်အပြင် အဝတ်အစားနဲ့ စားစရိတ်ပါကူညီပေးခဲ့ပါတယ်။ မိသားစုအိပ် ခြင်ထောင်တစ်လုံး အဝတ်အစားတွေနဲ့ စားသောက်စရာတွေ ပေးလှူခဲ့ပြီး ခရီးစရိတ်ကားခအတွက် ငွေတစ်သောင်းနဲ့ လမ်းမှာစားသောက်ဖို့အတွက် ငွေတစ်သောင်းကိုလည်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ပြည်သူတွေကတော့ တစ်ဦးကို တစ်ဦး တတ်နိုင်သလောက် ဖေးမကူညီရင်း ဒီကာလကြီးကို အတတ်နိုင်ဆုံး ရင်ဆိုင်ဖြတ်ကျော်နေကြတာဆိုလည်း မမှားပါဘူး။

Photo Credit - Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။