ဘိုးဘွားရိပ်သာပို့ပေးမယ့် မနက်မှာပဲ ကွယ်လွန်သွားတဲ့ အဖွားအိုတစ်ဦးအတွက် ဖြေမဆည်နိုင်အောင်ဝမ်းနည်းနေရတဲ့ ပရဟိတလူငယ်လေး

//s9.kh1.co/c7/c76db7f31cadd7fa67d03d052649cf93b304a883.jpeg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ဆင်းရဲနွမ်းပါးပြည်သူတွေနဲ့ စွန့်ပစ်ခံအဖိုးအဖွားတွေဟာ လက်ရှိအချိန်မှာ တော်တော်လေးကို ခက်ခဲနေကြတာကြောင့် စေတနာရှင်ပြည်သူတွေကလည်း လက်လှမ်းမှီသလောက် တတ်နိုင်တဲ့ဘက်ကနေ ဖေးမကူညီနေကြတာ တွေ့ရပါတယ်။ အဖိုးအဖွားတွေကို အမြဲကူညီဖေးမနေတဲ့ ပရဟိတလူငယ်လေးတစ်ယောက်ဟာ အသက်(၉၀)အရွယ် အဖွားတစ်ဦးရဲ့ ဘဝရဲ့နောက်ဆုံးနေဝင်ချိန်လေးတွေကို အကောင်းဆုံးဖြည့်ဆည်းပေးခဲ့သလို ကွယ်လွန်သွားချိန်မှာလည်း ရည်စူးကုသိုလ်တွေ ပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

ကြွက်တွေ အမှိုက်တွေနဲ့ ဘုန်းကြီးကျောင်းရဲ့ ကျောင်းအောက်မှာ နေထိုင်နေရပြီး တကိုယ်လုံး အိပ်ယာနာဖြစ်ကာ ခြေထောက်ပြန်ဆန့်မရတော့တဲ့ အဖွားရဲ့နောက်ဆုံးအချိန်လေးမှာ စားချင်တာလေးတွေ ဝယ်ကျွေးပြီး စားသောက်ကုန်တွေအပြင် အသုံးအဆောင်ပစ္စည်းတွေကိုလည်း လှူဒါန်းကူညီခဲ့ပါတယ်။ အဖွားအတွက် မဆုံးခင်အချိန်လေးမှာ အစစအရာရာကူညီပေးနိုင်ခဲ့ပေမယ့် ဘိုးဘွားရိပ်သာကို ပို့ပေးမယ့် မနက်မှာပဲ ကွယ်လွန်သွားတာကြောင့် စိတ်မကောင်းဖြစ်နေရတာလည်း ဖြစ်ပါတယ်။ 

Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

သင်္ကန်းပစ္စည်းအစုံနဲ့ စားသောက်စရာတွေကို အဖွားနာမည်နဲ့ ရေစက်ချ အမျှပေးဝေကာ ရည်စူးကုသိုလ်လေးတွေကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ရည်စူးပြုလုပ်ပေးတဲ့ ကောင်းမှုကုသိုလ်လေးတွေကြောင့် ရောက်ရာဘုံဘဝ ဘုံဌာနကနေ သာဓုခေါ်နိုင်ဖို့ကိုလည်း အမျှပေးဝေဆုတောင်းပေးထားတာလည်း တွေ့ရပါတယ်။ 

Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

သတင်း အရင်းအမြစ်ArrPuu Tuu's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T