ရှေ့တန်းတစ်နေရာမှာ ပြည်သူကျွေးတဲ့ ထမင်းကိုစားရင်း သစ္စာကျိန်ဆိုနေတဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)က တပ်ဖွဲ့ဝင်တစ်ဦး

//s9.kh1.co/5f/5f46f1a826a7ce689b6f4cdff530a547ee1385cf.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရှေ့တန်းတစ်နေရာမှာ ပြည်သူကျွေးတဲ့ ထမင်းကိုစားရင်း သစ္စာကျိန်ဆိုနေတဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)က တပ်ဖွဲ့ဝင်တစ်ဦး

မြန်မာပြည်သူတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်နေကြပြီး အချို့PDFလူငယ်တွေဆိုရင် ရန်သူကို တိုက်ထုတ်နေကြပြီဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်းမှာတော့ မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိနေပြီး တိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာမှာ စစ်ဘေးရှောင်နေကြရပါတယ် ။ ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)ကလည်း ရှေ့တန်းတစ်နေရာမှာ ရန်သူကို တိုက်ခိုက်ချေမှုန်းလျက်ရှိနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ပြည်သူ့တော်လှန်ရေးတပ်မတော်က တပ်ဖွဲ့ဝင်တစ်ဦးဟာ ပြည်သူကျွေးတဲ့ထမင်းကိုစားရင်း သစ္စာဆိုနေခဲ့ပါတယ်။ ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်ဂျပန်ကြီးဆိုသူဟာ ရှေ့တန်းတစ်နေရာမှာ ထမင်းစားရင်း သစ္စာအဓိဌာန်ပြုနေခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါပြည်သူ့ရဲဘော်တစ်ဦးက " ငါတို့သည် ပြည်သူလူထုမှ ကျွေးသော ထမင်းနှင့် ဟင်းကိုစား၍ ပြည်သူလူထု အပေါ်၌ သစ္စာစောင့်သိရိုသေပါမည်" ဆိုပြီး သစ္စာကျိန်ဆိုနေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

" ငါ့နိုင်ငံတော် ငါ့ပြည်သူလူထုအတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် သစ္စာအဓိဌာန်ပြုပါ၏"ဆိုပြီး အဆိုပါပြည်သူ့ရဲဘော်က လက်အုပ်လေးချီပြီး ထမင်းစားရင်း သစ္စာဆိုနေခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါပြည်သူ့ရဲဘော်အပါအဝင် ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ PDFလူငယ်တွေအားလုံး ဘေးကင်းကြစေဖို့ ပြည်သူတွေက ဆုတောင်းပေးနေကြပါတယ်။ အသီးအရွက်လေးတွေနဲ့ ရှေ့တန်းတစ်နေရာမှာ ထမင်းစားနေတဲ့ ပြည်သူ့ရဲဘော်တစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T