ပိုက်ဆံမရှိလို့ သေကြောင်းကြံပေမယ့် အသက်မသေဘဲ တစ်ခြားလူရဲ့ကားပေါ်ပြုတ်ကျခဲ့လို့ လျော်ကြေး ပေးရတော့မယ့် ထိုင်းပြည်သူတစ်ဦးရဲ့ ဗီဒီယို

//s9.kh1.co/2b/2bcfd5992724165b331a86767bf509e7e31aad64.jpg
နေ့စဉ်သတင်းများ

 ១៥-កញ្ញា-២០២១ ៩ព្រឹក · ៥ ឆ្នាំមុន

ပိုက်ဆံမရှိလို့ သေကြောင်းကြံပေမယ့် အသက်မသေဘဲ တစ်ခြားလူရဲ့ကားပေါ်ပြုတ်ကျခဲ့လို့ လျော်ကြေး ပေးရတော့မယ့် ထိုင်းပြည်သူတစ်ဦးရဲ့ ဗီဒီယို

ကိုဗစ်ကပ်ရောဂါတွေ ဖြစ်နေတဲ့ ကာလကြီးမှာ စီးပွားရေးအဆင်မပြေမှုတွေ၊ စားဝတ်နေရေးအတွက် ဝမ်းစာရှာဖွေရခက်ခဲမှုတွေကြောင့် လူအများအပြားဟာ စိတ်မချမ်းသာမှု၊ စိတ်ညစ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ကိုဗစ်ရောဂါဒဏ်ကို အခြေခံပြည်သူတွေ အများဆုံးခံစားရပြီး အသွားအလာကန့်သတ်ထားမှုတွေကြောင့်လည်း အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေးကိုတောင် အနိုင်နိုင်ဖြေရှင်းနေရပါတယ်။ အခက်အခဲတွေ၊ အစစအရာရာအဆင်မပြေမှုတွေကြောင့်  သေကြောင်းကြံစည်တဲ့ လူတွေလည်းရှိကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ထိုင်းနိုင်ငံက ပြည်သူတစ်ဦးဟာ ဆေးဖိုးပေးဖို့အတွက် ပိုက်ဆံမရှိတာကြောင့် စိတ်အရမ်းညစ်ပြီး ဆေးရုံရဲ့(၅)ထပ်အမြင့်ကနေ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ပါတယ်။ သေကြောင်းကြံစည်တဲ့ အဆိုပါထိုင်းပြည်သူရဲ့ ကြိုးစားမှုက မအောင်မြင်ဘူးလို့ ဆိုရမှာဖြစ်ပြီး (၅)ထပ်အမြင့်ပေါ်ကနေ ခုန်ချခဲ့ပေမယ့် အသက်မသေဘဲ အောက်မှာရှိတဲ့ ကားပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်။ အဆိုပါအဖြစ်အပျက်က ထိုင်းနိုင်ငံက ရတ်ချဘူရီဆေးရုံမှာဖြစ်ပွားသွားခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကားပေါ်ပြုတ်ကျပြီး အသက်မသေဆုံးဘဲ ဒဏ်ရာတွေသာရရှိခဲ့တဲ့ အဆိုပါထိုင်းပြည်သူအား ကယ်ဆယ်ရေးသမားတွေလာရောက်ပြီး လူနာတင်ကားနဲ့ ခေါ်ဆောင်သွားတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။ ပိုက်ဆံမရှိလို့ သေကြောင်းကြံစည်ခဲ့တဲ့ အဆိုပါထိုင်းပြည်သူဟာ ယခုမှာတော့ သူ့ကြောင့် တစ်ခြားလူရဲ့ကားပျက်စီးသွားလို့ လျော်ကြေးပေးရတော့မှာပဲ ဖြစ်ပါတယ်။ အမြင့်ကနေ ခုန်ချခဲ့ပေမယ့် အသက်မသေဘဲ ကားပေါ်ပြုတ်ကျသွားတဲ့ ထိုင်းပြည်သူတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T