ပြန်ပေးဆွဲခံရရာကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ ကျောင်းသား ၇၅ ယောက်

//s9.kh1.co/7f/7f09b8082990fce34b0ae6549434f3d8928ff3e8.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ဂျီးရီးယား နိုင်ငံအတွင်းမှာတော့လက်နက်ကိုင်သေနတ်သမားတွေဟာ နိုင်ငံတလွှားက ကျောင်းသားတွေကို ကျောင်းတွေကနေ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကဆိုရင်လည်း နိုင်ငံ အနောက်မြောက်ပိုင်းက ဇမ်ဖာရာပြည်နယ်အတွင်းမှာ ကျောင်းသား ၇၅ ယောက် ပြန်ပေးဆွဲခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=450,q=100/91/91b380b41e1779ebed0b8c7f632eeae9ee75667d.jpg

ဒီဇမ်ဖာရာပြည်နယ်ဟာ ကလေးငယ်တွေပြန်ပေးဆွဲတာကို အဆိုးဆုံးခံရတဲ့ ပြည်နယ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်တပ်ရဲ့ ပြန်ပေးသမား လက်နက်ကိုင်တွေအပေါ် ထိုးစစ်ဆင်မှုကြောင့်ပြန်ပေးသမားတွေဟာ ဖမ်းဆီးထားတဲ့ ကျောင်းသား ၇၅ ယောက်လုံးကို ပြန်လွှတ်ပေးခဲ့ပြီလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=449,q=100/ce/cec999604bc2ed20df83ea8c73753b33bc5e678e.jpg

ပြန်ပေးဆွဲရတဲ့အကြောင်းရင်းကတော့ လက်နက်ကိုင်သမားတွေဟာ ​ကလေးတွေအတွက် ပြန်ရွေးငွေလိုချင်တာကြောင့်ပဲ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံအတွင်းမှာ မနှစ်က ဒီဇင်ဘာလကနေစပြီး လက်ရှိအချိန်ထိဆိုရင် ကလေး ၁၁၀၀ ကျော်လောက် ပြန်ပေးဆွဲခံခဲ့ရတယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/d0/d094f04ee364a42ac4ea3f85246604f82c4a06ee.jpg

သတင်း အရင်းအမြစ်Reuters

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T