ဒီကာလမှာတော့ ပြည်သူတွေလည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတာတောင် ကြပ်တည်းနေကြတာပဲဖြစ်ပါတယ်။အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေတဲ့ ဒီအချိန်မှာ အခြေခံပြည်သူလူထုကတော့ ထမင်းနပ်မှန်ဖို့အတွက်ကြိုးစားရှာဖွေနေရတာဖြစ်ပါတယ်။ဒါ့ကြောင့် ပရဟိတအသင်းအဖွဲ့​တွေနဲ့ စေတနာရှင်ပြည်သူတွေကစားသောက်ကုန်တွေ၊ငွေကြေးနဲ့ စားစရာတချို့ကို လက်လှမ်းမှီသလောက် ဝေငှပေးရင်း ကုသိုလ်ယူနေကြတာပဲဖြစ်ပါတယ်။

Photo Credit:Shwe Kyar’s Fb acc 
Photo Credit:Shwe Kyar’s Fb acc 
Photo Credit:Shwe Kyar’s Fb acc 

ရွှေကြာလူမှုကူညီရေးအသင်းအဖွဲ့ကလည်း အလှူရှင်တွေရဲ့ကုသိုလ်နဲ့ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် မရွှေကြာတို့အဖွဲ့မှာ အခြေခံပြည်သူတွေအတွက်စားသောက်ကုန်တချို့ကို လှူဒါန်းပေးနေတာဖြစ်ပါတယ်။ဒါ့အပြင် သွားရင်းလာရင်းဗိုက်ဆာသူ၊ဝယ်စားဖို့မတတ်နိုင်သူ၊အလုပ်သမားတချို့တွေအတွက် ပေါ့ပေါ့ပါးပါးထမင်းဘူးတွေကို "ရွှေကြာလူမှုကူညီရေးရုံး" ရဲ့ရှေ့မှာ ခုံလေးနဲ့ချပေးထားပြီး ကုသိုလ်ယူနေတာဖြစ်ပါတယ်။

Photo Credit:Shwe Kyar’s Fb acc 
Photo Credit:Shwe Kyar’s Fb acc 
Photo Credit:Shwe Kyar’s Fb acc 

မရွှေကြာတို့အသင်းမှ "ဆာရင်ယူပါ၊ဆာသောသူကိုဦးစားပေးပါ" ဆိုပြီး ထမင်းဘူးတွေလှူဒါန်းလာတာ (၄)ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။ထမင်းဘူးယူကြသူတွေထဲမှာ တချို့တွေလည်း တကယ်ဗိုက်ဆာလို့ယူကြတာဖြစ်ပြီးတချို့ပြည်သူတွေလည်း မိသားစုစားဝတ်နေရေးအဆင်မပြေတာတောင် ဗိုက်ဆာနေတဲ့သူတွေကိုပဲ ဦးစားပေးခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုး လိုအပ်သူတွေယူစားနိုင်ဖို့အတွက် ထမင်းဘူးလေးတွေလှူဒါန်းပေးတာက မွန်မြတ်တဲ့ကုသိုလ်ဖြစ်လို့ ပီတိဖြစ်စွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Shwe Kyar’s Fb acc 
Photo Credit:Shwe Kyar’s Fb acc 
Photo Credit:Shwe Kyar’s Fb acc 

Source&Photo Credit:Shwe Kyar’s Fb acc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။