ကိုဗစ်ပထမလှိုင်းကတည်းက အိမ်ကိုမပြန်တော့ဘဲပရဟိတအသင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မော်လမြိုင်မြို့က အသက် (၁၁)နှစ်အရွယ်လူငယ်လေး

//s9.kh1.co/54/54e807c289d91cd2aca6e6517718f0b72b775f12.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ပထမလှိုင်းကတည်းက အိမ်ကိုမပြန်တော့ဘဲပရဟိတအသင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မော်လမြိုင်မြို့က အသက် (၁၁)နှစ်အရွယ်လူငယ်လေး

အခုတစ်ခါ ဖော်ပြပေးချင်တာကတော့ အသက်ငယ်ငယ်လေးနဲ့ ပရဟိတအလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်နေတဲ့ ကလေးတစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီကလေးက အသက် (၁၁)နှစ်အရွယ်သာရှိသေးပေမယ့် ပရဟိတအသင်းမှာ ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်ကတော့ မောင်ငြိမ်းချမ်းဇော်ဖြစ်ပြီး မော်လမြိုင်က ရွှေနတ်တောင် လူမှုကယ်ဆယ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc

မောင်ငြိမ်းချမ်းဇော်က အသင်းမှာ အသက်အငယ်ဆုံး အသင်းသားတစ်ယောက် ဖြစ်ပေမယ့်လည်း အရွယ်လေးနဲ့မလိုက်အောင် တာဝန်သိတတ်လွန်းတဲ့ကလေး ဖြစ်ပါတယ် ။ သူက ကိုဗစ်ပထမလှိုင်းကတည်းကနေ တတိယလှိုင်းအထိ နေအိမ်ကို လုံး၀မပြန်ဘဲ ပရဟိတအလုပ်တွေကို တာ၀န်ကျေပွန်စွာ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်တွေကို အားလုံးက ချီးကျူးလေးစားနေရတာ ဖြစ်ပါတယ်။

Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc

ပရဟိတသမားလေး မောင်ငြိမ်းချမ်းဇော်ကအသက်ငယ်ရွယ်ပေမယ့် အောက်ဆီဂျင်အိုးတွေကို ဝိုင်းကူသယ်ပေးသလို ပြည်သူတွေရဲ့နေအိမ်တွေမှာ ပိုးသတ်ဆေးဖြန်းပေးတာမျိုးတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးပါသေးတယ်။ ဒါ့အပြင် အရေးပေါ်ကယ်ဆယ်ရေးတွေအတွက် လိုအပ်တဲ့နေရာတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်ပေးနေတဲ့ လူငယ်လေးပဲ ဖြစ်ပါတယ် ။ အသက် (၁၁)နှစ်ရွယ်လေးနဲ့ ပရဟိတအလုပ်တွေကို စိတ်အားထက်သန်စွာ လုပ်ကိုင်နေတဲ့ မော်လမြိုင်မြို့က လူငယ်လေးရဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ရတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Myint Soe's FB Acc

Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Photo Credit-Myint Soe's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T