ယောကျာ်းရင့်မာကြီးကနေ မိန်းကလေးအဖြစ်ခွဲစိတ်ပြီးနောက် မိန်းကလေးတန်းမှာ ပထမဆုံး MMA ထိုးသတ်ပြီး အနိုင်ရခဲ့တဲ့ ကစားသမား

//s9.kh1.co/4c/4cbb267876712153e81eea6cf8dfa0f23af21ac8.png
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

အမေရိကန်နိုင်ငံသား Alana Mclaughlin ဟာ MMA Fighter တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ရည်မှန်းချက် တစ်ခုကတော့ မိန်းကလေးတစ်ယောက်အဖြစ် ခွဲစိတ်ပြုပြင်နိုင်ဖို့ပါပဲ။ ဒီလိုခွဲစိတ်ပြုဖို့အတွက်ကိုလည်း အသက် (၂၀) အရွယ်တွင် မိခင်ထံမှာခွင့်တောင်းခဲ့ပေမယ့် မိခင်ရဲ့စိတ်ဆိုးဒေါသထွက်မှုကိုသာခံခဲ့ရပါ တယ်။ ဒီနောက်မှာတော့ စစ်တပ်ထဲဝင်ကာ အာဖန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး (၂၀၁၀) ခုနှစ်မှာတော့ တာဝန်ချိန်ကုန်ဆုံးခဲ့ပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။ (၂၀၁၄) ခုနှစ်ရောက်တဲ့အချိန်မှာတော့ သူအဖြစ်ချင်ဆုံးဆန္ဒကို ပုံဖော်နိုင်ခဲ့ပါတယ်။

Photo Credit - MMA in Yangon's FB Acc
Photo Credit - MMA in Yangon's FB Acc
Photo Credit - MMA in Yangon's FB Acc
Photo Credit - MMA in Yangon's FB Acc

ဒီနောက်မှာတော့ ဖလော်ရီဒါပြည်နယ်က MMA ဆရာတစ်ဦးဖြစ်တဲ့ Hialeah ဆီမှာ ဇွန်လကတည်းက MMA ထိုးသတ်ဖို့ပညာသင်ယူခဲ့ပြီးနောက် ပြိုင်ဖက်ဖြစ်တဲ့ Celine Provost ကို ဒုတိယအချီရဲ့ သုံးမိနစ်နဲ့ သုံးဆယ့်နှစ်စက္ကန့်မှာပဲ လည်ပင်းကိုအနောက်ကရစ်သိုင်းကာချုပ်တဲ့ချုပ်ကွက်နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲကြည့်သူတွေဟာ ဘယ်လိုပဲလိင်ပြောင်းထားသူဖြစ်ပါစေ ယခင်က အမျိုးသားဖြစ်ခဲ့တာကြောင့် ဒီပွဲစဉ်ဟာ မျှတတဲ့ပွဲစဉ်မဟုတ်ကြောင်း ဝေဖန်မှုတွေရှိလာခဲ့ပါတယ်။ ဘယ်လိုပဲဝေဖန်ပါစေ သူမအနေနဲ့ကတော့ ဒီပွဲအတွက် အများကြီးပြင်ဆင်ပြီး ကြိုးစားခဲ့ရတာမို့ သူမအတွက်တော့ ကြိုးစားမှုရဲ့အသီးအပွင့်ကို ခံစားရတယ်လို့ပဲ ခံယူခဲ့ပါတယ်။

Photo Credit - MMA in Yangon's FB Acc
Photo Credit - MMA in Yangon's FB Acc
Photo Credit - MMA in Yangon's FB Acc
Photo Credit - MMA in Yangon's FB Acc

ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းတဲ့လမ်းဖြစ်ပါစေ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မရရအောင် ပုံဖော်သွားတဲ့ Alana Mclaughlin ရဲ့ လုပ်ရပ်ကတော့ ချီးကျူးစရာပါပဲ။ ခန္ဓာကိုယ်ပြောင်းလဲလိုက်ပေမယ့် ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ကတော့ အတူတူပဲမို့ MMA အားကစားကို မရပ်နားဘဲ ဒီထက်ပိုကောင်းအောင်ကြိုးစားဖို့ပဲ စိတ်အားထက်သန်နေခဲ့ပါတယ်။ ပြိုင်ပွဲအတွင်းက ပုံရိပ်တစ်ချို့ကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - MMA in Yangon's FB Acc
Photo Credit - MMA in Yangon's FB Acc
Photo Credit - MMA in Yangon's FB Acc
Photo Credit - MMA in Yangon's FB Acc

သတင်း အရင်းအမြစ်MMA in Yangon's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T