နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကတည်းက မြန်မာနိုင်ငံအတွင်းရှိ တစ်ချို့ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ် ။ ကယားပြည်နယ်မှာဆိုရင်လည်း တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အခုအချိန်အထိ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေအများအပြားရှိနေပြီး တစ်ချို့ပြည်သူတွေရဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတာ ဖြစ်ပါတယ် ။ PDF လူငယ်တွေကလည်း သူတို့ရဲ့ဒေသကိုကာကွယ်ဖို့အတွက် အသက်ကိုတောင်ရင်းထားကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader

ယနေ့ စက်တင်ဘာလ (၁၄) ရက်မှာတော့ ကယားပြည်နယ် ၊ ကဒါးလားရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဒီတိုက်ပွဲမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က အထိအခိုက်၊အကျအဆုံးရှိခဲ့သလို KNDF တပ်ရင်း(၁)ဘက်ကလည်း ရဲဘော်(၂)ဦး ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ် ။ ကျဆုံးရဲဘော်နှစ်ဦးမှာတော့ တစ်ယောက်က ကျောင်းဆရာဖြစ်ပြီး တစိယောက်က ကျောင်းသားလူငယ်လေး ဖြစ်ပါတယ် ။ အခုလည်း PDF လူငယ်တစ်ဦးက တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော်တစ်ဦးရဲ့အလောင်းကိုထမ်းပြီး ပြန်ခဲ့ရတဲ့အဖြစ်ကို ပြောပြထားတာ တွေ့ရပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader

သူက "ညီငယ်ရေ R.I.P ပါကွာ 😞 ငါထမ်းရတဲ့အလောင်းက မင်းမှန်းငါမသိခဲ့လိုက်ဘူးကွာ အသက်လည်းမပြည့်သေး မင်းရဲ့သွေးက ရဲလွန်းပါတယ် ငါအနားမှာပဲနေ ပြောရဲ့သားနဲ့ကွာ ခုတော့ ခွဲရပြီ😥😥😥 အာဇာနည်....."ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ် ။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်လေးက အသက် (၁၉)နှစ်အရွယ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်လေးရဲ့စိတ်ဓာတ်ကိုလည်း ပြည်သူတွေက လေးစားဂုဏ်ပြုနေကြတာ ဖြစ်ပါတယ် ။ PDF လူငယ်တွေကလည်း ဒီရဲဘော်နဲ့ပတ်သက်ပြီး သူတို့ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပြောပြနေကြတာ တွေ့ရပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-KNDF Demoso FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။