ယနေ့ စက်တင်ဘာ(၁၄) ရက်နေ့မှာ United Nations (UN) မှ (၇၆) ကြိမ်မြောက် UN အထွေထွေညီလာခံကို ကျင်းပမှာဖြစ်ပါတယ်။ဒီညီလာခံမှတဆင့် Credentials Committee ကိုဖွဲ့စည်းကာ မြန်မာနိုင်ငံကိုယ်စားပြု မည်သူ့ကို UN တွင် အမြဲတန်းကိုယ်စားလှယ်အဖြစ် ဆက်လက်ပြီးခန့်အပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်မှာဖြစ်ပါတယ်။


ဒါကြောင့် ပြည်သူများက သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် ဆက်လက်ပြီး အမြဲတန်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသင့်ကြောင့် နိုင်ငံတကာကခေါင်းဆောင်များသိရှိအောင် အသီးသီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။နိုင်ငံပေါင်းစုံကလည်း ဒီအရေးအတွက် အထူးတလည် စိတ်ဝင်စားနေကြပါတယ်။


ဒီလိုထုတ်ဖော်ကြတဲ့အခါ နိုင်ငံတကာက ပြည်သူတွေပါဝင်သလို မြန်မာနိုင်ငံက ပြည်သူအသီးသီးကလည်း သူတို့ ဆန္ဒကို ကမ္ဘာကသိအောင် ပြသခဲ့ပါတယ်။ဒါ့အပြင် အကြားအာရုံမသန်စွမ်းသူပြည်သူအချို့ကလည်း NUG အစိုးရကိုသာထောက်ခံကြောင်း၊ဦးကျော်မိုးထွန်းကိုသာဆက်လက်ထောက်ခံကြောင်းကို ကမ္ဘာနဲ့ UN က သိရှိအောင် Online Platform က တဆင့် ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။မြန်မာသာမက ကမ္ဘာက မသန်စွမ်းသူရဲကောင်းတို့ရဲ့ ဆန္ဒထုတ်ဖော်နေပုံတွေကိုဖော်ပြလိုက်ရပါတယ်။









