Lisa က အင်တာဗျူးတစ်ခုမှာ မွေးရပ်မြေက "လုချင်း" အသားလုံးတုတ်ထိုးကို စားကောင်းကြောင်း ဖြေကြားခဲ့ပြီးနောက် "လုချင်း" ဆိုင်များ ရောင်းအားတက်လာ

//s9.kh1.co/6e/6e7631caf652ec785bd108f749ec62b23461f44e.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းကပြားမလေး တစ်ယောက်ဖြစ်တဲ့ Lisa ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် K pop အဆိုတော် BlackPink အဖွဲ့မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်ထားတာ ဖြစ်ပါတယ်။ Lisa က BlackPink အဖွဲ့မှာ အငယ်ဆုံးဖြစ်ပြီး Main Dancer တစ်ဦးအဖြစ် အောင်မြင်နေတာ ဖြစ်ပါတယ်။ စက်တင်ဘာလ (၁၀) ရက်နေ့မှာလည်း Lisa ရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ "LALISA" MV ကလည်း YouTube မှာ ကြည့်ရှုသူအများဆုံးဖြင့် စံချိန်တင်ခဲ့တာဖြစ်ပါတ

https://s9.kh1.co/__image/w=600,h=733,q=100/77/77917c2289ab350a4279b9b6920322d4f2eb45d5.jpg
https://s9.kh1.co/__image/w=600,h=600,q=100/77/77c74c0066a57f2127bffde79465e874cf165413.jpg
Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia

ဒီ Music Video ထဲမှာတော့ Lisa ဟာ ထိုင်းနိုင်ငံရဲ့ ယဥ်ကျေးမှု အငွေ့အသက်တွေကို ထည့်သွင်းခဲ့တာ တွေ့ရပါတယ်။ Music Video ထဲမှာ Lisa ဆောင်းခဲ့တဲ့ ထိုင်းရိုးရာ"ဒေါ့ချာဒါး "ခေါင်းဆောင်းတွေက ထိုင်းပြည်သူတွေကြားမှာ ရောင်းအားကောင်းလာခဲ့ပါတယ်။ ထိုင်းနိုင်ငံအရှေ့ပိုင်းမှာတည်ရှိတဲ့ ဘူရိရမ်ဆိုတဲ့ ပြည်နယ်ကတော့ Lisa ရဲ့ မွေးရပ်မြေဇာတိဖြစ်ပြီး ဘန်ကောက်ကနေ (၆) နာရီခန့်သွားရတဲ့ ပြည်နယ်တစ်ခုလို့လည်း သိရပါတယ်။

Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia

ယခုမှာလည်း မွေးရပ်မြေက ဘူတာဈေးလေးမှာရှိတဲ့ ထိုင်းအစားအစာ "လုချင်း" အသားလုံးတုတ်ထိုးကို Lisa က အရမ်းစားကောင်းပြီး တို့စားတဲ့ အချဉ်ရည်ကို ဘယ်မှာမှရှာမတွေ့နိုင်ဘူးဆိုတဲ့အကြောင်းအား အင်တာဗျူးတစ်ခုမှာ ဖြေကြားပြီးနောက် အဲဒီ့ဈေးမှာရှိတဲ့ "လုချင်း" ဆိုင်တွေအကုန် ရောင်းအားအရမ်းတက်လာခဲ့တယ်လို့ Bangkok Guide Media မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia
Photo Credit - BangkokGuideMedia

သတင်း အရင်းအမြစ်Source - BangkokGuideMedia

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T