မြန်မာပရိသတ်တွေရဲ့ အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ အောင်လအန်ဆန်းကတော့ လက်ဝှေ့အားကစားနယ်ပယ်မှာ ချန်ပီယံခါးပတ်တွေကိုလည်း ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အောင်လအန်ဆန်းကို (၁၉၈၅)ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ အခုဆိုရင် သူ့ရဲ့အသက်က (၃၆)နှစ်ရှိနေပြီဖြစ်ပါတယ်။(၃၆)နှစ်အရွယ်ဖြစ်ပေမယ့်လည်းအောင်လန်အန်ဆန်းရဲ့ ခွန်အားတွေကမကျသွားသေးဘဲ လေ့ကျင့်ခန်းကိုလည်းအပြင်းအထန်လုပ်ဆောင်တာကြောင့် မကြာသေးခင်ကမှယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲစဉ်တွင် လီယန်ဒရိုကို အနိုင်ရရှိထားတာဖြစ်ပါတယ်။
အောင်လအန်ဆန်းက (၂၀၀၂)ခုနှစ်အစောပိုင်းကတည်းက အမေရိကန်မှာအခြေချနေထိုင်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ အောင်လအန်ဆန်းရဲ့ဘေးမှာ ပါရမီဖြည့်ဖက်ကောင်းပီသတဲ့ဇနီးနဲ့ ချစ်စရာသားသမီးလေးတွေရှိကြပါတယ်။သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်းကတော့ (၈)နှစ်ရှိနေပြီလို့သိရပြီး ပျော်ရွှင်စရာမိသားစုလေးပဲဖြစ်ပါတယ်။အောင်လအန်ဆန်းက အားလပ်ရက်တွေမှာဆိုရင် ကလေးတွေကိုလည်းအချိန်ပေးပြီးဂရုစိုက်ပေးလေ့ရှိပါတယ်။
အောင်လအန်ဆန်းရဲ့ သားကြီးလေးနာမည်ကတော့ Aung De ဖြစ်ပြီး သမီးငယ်လေးနာမည်က Sam Seng ပဲဖြစ်ပါတယ်။ကလေးနှစ်ယောက်လုံးက အဖေတူလေးတွေဖြစ်ပြီး အရမ်းချစ်စရာကောင်းကြတာကြောင့် မြန်မာပရိသတ်တွေကသတိထားမိနေတာပဲဖြစ်ပါတယ်။အောင်လအန်ဆန်းကတော့ သူ့ရဲ့ကလေးတွေကို အခုအရွယ်ကတည်းကတခြားသူတွေကိုချစ်ခင်လေးစားတတ်အောင်သင်ပေးဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။အောင်လအန်ဆန်းရဲ့မိသားစုဘဝလေးကတော့ တည်ငြိမ်အေးချမ်းပြီး သာယာကြည်နူးဖို့ကောင်းတာကြောင့် ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Aung La NSang(Burmese Python) Fb Acc