တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှ အားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲ မြန်မာလက်ရွေးစင် ယူ-၂၄ အသင်းဟာ ပြိုင်ပွဲကျင်းပရာ ဟန်ကျိုးမြို့ကို ရောက်ရှိနေပြီး ယမန်နေ့က ပထမဆုံးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
![https://s9.kh1.co/__image/w=650,h=434,q=100/82/82b4c9e6c1c442815b1195cf7d480a29d73f495d.jpg](https://s9.kh1.co/__image/w=650,h=434,q=100/82/82b4c9e6c1c442815b1195cf7d480a29d73f495d.jpg)
မြန်မာလက်ရွေးစင် ယူ-၂၄ အသင်းမှာ မလေးရှားလိဂ်ကစားနေတဲ့ ရှေ့တန်းတိုက်စစ်မှူး ဟိန်းထက်အောင်နှင့်အတူ အခြား လက်ရွေးစင် ကစားသမားများ ပါဝင်နိုင်ခြင်းမရှိပေမယ့် သက်ကျော်ကစားသမားအဖြင့် ပြည်တွင်းမှ ရန်ကျော်ထွေး၊ ရန်နိုင်ဦး၊ နေမိုးနိုင်တို့ ၃ ဦး ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
![https://s9.kh1.co/__image/w=650,h=434,q=100/7d/7d9b00c0da79305aec6e085a4e0527c443e70322.jpg](https://s9.kh1.co/__image/w=650,h=434,q=100/7d/7d9b00c0da79305aec6e085a4e0527c443e70322.jpg)
မြန်မာ ယူ၂၄ အသင်းအနေနဲ့ အဆိုပါ Asian Games ဘောလုံးပြိုင်ပွဲ အုပ်စု(က)မှာ အိမ်ရှင် တရုတ်၊ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယအသင်းတို့နဲ့ တစ်အုပ်တည်း ကျရောက်နေတာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ၊ ၂၁ ရက်မှာ အိမ်ရှင် တရုတ်အသင်း နှင့် ၂၄ ရက်နေ့မှာ အိန္ဒိယအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
![https://s9.kh1.co/__image/w=650,h=434,q=100/a4/a4ee3ab6334b28aa8406883e61cbcfea286bb017.jpg](https://s9.kh1.co/__image/w=650,h=434,q=100/a4/a4ee3ab6334b28aa8406883e61cbcfea286bb017.jpg)
![https://s9.kh1.co/__image/w=650,h=434,q=100/9d/9df87389e11e10e93ed927cf8047350394d1d504.jpg](https://s9.kh1.co/__image/w=650,h=434,q=100/9d/9df87389e11e10e93ed927cf8047350394d1d504.jpg)
အဆိုပါ Asian Games ဘောလုံးပြိုင်ပွဲမှာ အုပ်စု (၆)အုပ်စု ရှိပြီး အုပ်စု ပထမ နှင့် ဒုတိယ နှစ်သင်းစီနှင့် အကောင်းဆုံး အုပ်စု တတိယ ၄ သင်း၊ စုစုပေါင်း ၁၆ သင်း ရှုံးထွက်အဆင့်တက်ရောက်ရမှာလည်း ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Myanmar National Team