စက်တင်ဘာလ(၁၃)ရက်နေ့ ယနေ့မနက်မှာတော့ ရိုးမားအသင်းနဲ့ ဆက်ဆူအိုလိုအသင်းတို့ အီတလီစီးရီးအေပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ပါတယ်။ အဆိုပါပွဲစဥ်ဟာ စပယ်ရှယ်ဝမ်းလို့ လူသိများတဲ့ ရိုးမားနည်းပြမော်ရင်ဟိုရဲ့ နည်းပြဘဝတစ်လျှောက် ပွဲ(၁၀၀၀)ပြည့်ခဲ့ပြီး မော်ရင်ဟိုအတွက် မမေ့နိုင်စရာနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ နည်းပြသက်တမ်းပွဲ(၁၀၀၀)ပြည့်ခဲ့တဲ့ အဆိုပါပွဲမှာ မော်ရင်ဟိုကိုင်တွယ်နေတဲ့ ရိုးမားအသင်းဟာ အနိုင်ရရှိခဲ့ပါတယ်။
နောက်ဆုံးမိနစ်(၉၀)ရောက်မှာ Shaarawy ရဲ့ နောက်ကျသွင်းဂိုးနဲ့ ရိုးမားအသင်းတို့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး နည်းပြမော်ရင်ဟိုဟာလည်း ကစားသမားတွေနဲ့အတူ ပြေးလွှားပြီး အောင်ပွဲခံခဲ့ပါတယ်။ နည်းပြမော်ရင်ဟိုဟာ ပေါ်တို၊အင်တာမီလန်၊ချဲလ်ဆီး ၊ရီးရဲမက်ဒရစ်၊မန်ယူ၊စပါးနဲ့ ယခုလက်ရှိရိုးမားအသင်းတို့ကို ကိုင်တွယ်တဲ့ ထိပ်တန်းနည်းပြတစ်ဦးပဲ ဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုဟာ ကိုယ်ပိုင်ပရိသတ်ရှိတဲ့ ရှားရှားပါးပါးနည်းပြတွေထဲက တစ်ယောက်ဖြစ်ပြီး စကားလုံးကြွယ်ဝစွာ စကားပြောဆိုတတ်တာကြောင့် ပရိသတ်တွေရဲ့ နှစ်သက်သဘောကျခြင်းကို ခံရသူဖြစ်ပါတယ်။
နည်းပြမော်ရင်ဟိုဟာ စပါးအသင်းမှလွဲပြီး သူကိုင်တွယ်ခဲ့တဲ့ ကျန်အသင်းတိုင်းကို အဓိကဆုဖလားကြီးတွေ ရရှိအောင်စွမ်းဆောင်ပေးခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ နည်းပြဘဝတွင် ပွဲပေါင်း (၁၀၀၀)ကိုင်တွယ်ခဲ့ပြီး (၆၃၈)ပွဲအနိုင်ရခဲ့ကာ (၂၀၅)ပွဲသရေနဲ့ (၁၅၇)ပွဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်ပရိသတ်တွေ၊ နည်းပြတွေကို စိတ်တိုအောင် စကားလုံးကြွယ်ကြွယ်နဲ့ ထိထိမိမိပြောဆိုတတ်တဲ့ မော်ရင်ဟိုလို နည်းပြမျိုးကိုတော့ နောက်တစ်ခေါက်ပြန်မြင်ရဖို့ဆိုတာ ခက်ခဲသွားပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
Source : Original Uploder