စစ်ကိုင်းတိုင်းအတွင်းက Mytel တာဝါတိုင်တချို့ကို မြို့ခံပြည်သူကာကွယ်ရေးတပ်က ထပ်မံ မီးရှို့ဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/54/543aa7d4049d14fbb5ef879985f1814ef968adab.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြို့နယ်တချို့တွေမှာ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံ စီးပွားရေးတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေး Mytel တာဝါတိုင်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဖောက်ခွဲခြင်း ၊ မီးရှို့ဖျက်စီးတာတွေကို လုပ်ဆောင်လာခဲ့ပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက Mytel တာဝါတိုင်များကို ပိုမိုဖျက်စီးခဲ့တာ တွေ့လာရပါတယ်။

Photo Credit - MPA
Photo Credit - MPA

ဒါ့အပြင် မြို့နယ်တချို့တွေမှာလည်း ထိုးစစ်ဆင်လာတဲ့ အာဏာရှင်လူတစ်စုရဲ့ တပ်တွေနဲ့ မြို့ခံပြည်သူ့ကာကွယ်ရေးတွေအကြား ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ စစ်ဆင်ရေးအရ Mytel တာဝါတိုင်များကို ဖျက်စီးခဲ့ခြင်းဖြစ်တယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။ ယခုမှာလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက Mytel တာဝါတိုင်တချို့ မီးရှို့ဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit - MPA
Photo Credit - MPA

အဆိုပါ တာဝါတိုင်ကို မီးရှို့ဖျက်စီးခဲ့တဲ့ လုပ်ငန်းစဥ်မှာတော့ Special Attacking Force နှင့်‌ ဒေသခံပြည်သူ့ကာကွယ်‌​ရေးတပ်များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ Mytel တာဝါတိုင်ဟာ မီးအားပြင်းပြင်းနဲ့ လောင်ကျွမ်းနေတာ တွေ့ရပါတယ်။ ဒီရုပ်သံဖိုင်ကိုလည်း ပရိသတ်တွေ ပြန်လည် ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - MPA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T