August (28) ရက်နေ့ မှာ TVN က စတင်ပြသခဲ့တဲ့ Hometown Cha Cha ကိုရီးယားဇာတ်လမ်းတွဲလေးဟာ ချစ်စရာကောင်းလွန်းတာကြောင့် ပရိတ်သတ်အများစုယခုကာလမှာ သဘောကျနှစ်သက်နေကြပါတယ်။။ဒီဇာတ်လမ်းထဲမှာပါဝင်တဲ့ မင်းသား Kim Seon-Ho နဲ့ မင်းသမီး Shin Min Ah နှစ်ဦးစလုံးရဲ့ ပထမဆုံး စတင်တွေ့ဆုံကြတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီး Shin Min Ah ရဲ့ အကြာကြီးနေမှ ပထမဦးဆုံး ပြန်လည်ရိုက်ကူးဖြစ်တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်

Photo Credit From Google

ဒီဇာတ်လမ်းတွဲထဲကအဓိကဇာတ်ဆောင်၂ဦးဖြစ်တဲ့ မင်းသား Kim Seon-Ho နဲ့ မင်းသမီး Shin Min Ah ကိုတော့ ပါးချိုင့်ပါတာချင်းတူလို့ Dimple Couple ဆိုပြီး ပိုသတိထားမိလာကြတာဖြစ်ပါတယ်။မင်းသား Kim Seon Ho ဟာတော့ Start Up ဇာတ်လမ်းတွဲမှာ Second lead အဖြစ်သရုပ်ဆောင်ရာမှ စတင်ရေပန်းစားလာတာဖြစ်ပြီး မင်းသမီး Shin Min Ah ကတော့ ချစ်စရာကောင်းတဲ့ မြေခွေးမလေး ဂူမီဟို ဇာတ်လမ်းထဲက မြေခွေးမလေးအဖြစ် လူသိများလာခဲ့တဲ့ သရုပ်ဆောင်ဖြစ်ပါတယ်။

Photo Credit from Start Up Facebook
Photo Credit from Google

သူတို့နှစ်ဦးဟာ Hometown Cha Cha ဇာတ်လမ်းတွဲထဲမှာ Chemistry မိလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေက သူတို့နှစ်ဦးကို အလွန်လိုက်ဖက်ညီလွန်းတယ်လို့ သတ်မှတ်နေကြပါတယ်။ချစ်စရာကောင်းတဲ့အပြုအမူတွေနဲ့ သရုပ်ဆောင်ချက်တွေကြောင့်ပရိတ်သတ်တွေကလည်း သူတို့နှစ်ဦးကို သဘောတူနေကြပါတယ်။သူတို့နှစ်ဦးဘယ်လောက်တောင် လိုက်ဖက်ညီလဲဆိုတာကိုတော့ ပုံလေးတွေကြည့်ပြီး ခံစားပေးပါဦးနော်။

Photo credit from Hometown Cha ChaFacebook
Photo credit from Hometown Cha ChaFacebook
Photo credit from Hometown Cha ChaFacebook
Photo credit from Hometown Cha ChaFacebook
Photo credit from Hometown Cha ChaFacebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။