ကမ္ဘာလုံးဆိုင်ရာ မြန်မာ့ နွေဦးတော်လှန်ရေးကြီးကို လူအင်အား များစွာနဲ့ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ဂျပန်ရောက် မြန်မာပြည်သူများ

//s9.kh1.co/b5/b51c5152639e55bf45309c4ac92930e253d973c7.jpeg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အချိန်နဲ့တစ်ပြေးညီစိတ်ဝင်စားခြင်းကိုခံနေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကတော့ ဒီနေ့ထိ အသက်ဝင်နေဆဲပါ။လူငယ်မျိုးဆက်သစ်တွေကလည်း နိုင်ငံတကာရဲ့ သတင်းမီဒီယာတွေ သတိထားမိလာအောင် အချိန်ရှိတိုင်း နည်းမျိုးစုံကို တီထွင်ကာ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ဘဝကို စာနာနားလည်ပေးတဲ့ ပြည်ပနိုင်ငံရောက် သွေးချင်းညီအစ်ကိုတွေကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီပေးနေတာပါ ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလိုအချိန်မျိုးမှာ ပြည်သူတိုင်းက စည်းလုံးညီညွတ်ကြပြီး အပြန်အလှန် ရိုင်းပင်းကူညီကြလို့ အားတက်စရာကောင်းသလို ကြည်နူးပီတိဖြစ်မိတာအမှန်ပါပဲ။မိမိတို့ရဲ့အမိမြေအတွက် ပြည်တွင်းက မြန်မာပြည်သူလူထုနဲ့အတူ တစ်သွေးတည်း၊တစ်သားတည်းရပ်တည်ပေးနေကြတာလည်းဖြစ်ပါတယ်။ပြည်ပရောက်နေပေမယ့်လည်း လက်ရှိမြန်မာ့အရေးမှာ ပါဝင်အားဖြည့်ပေးနေကြတဲ့သူတွေကို ပြည်တွင်းနေထိုင်သူတွေကလည်း အစဉ်အမြဲ ကျေးဇူးတင်နေကြတာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း ဂျပန်ကိုရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေစုပေါင်းပြီး တိုင်းရင်းသားရိုးရာ ဝတ်စုံတွေ ဝတ်ဆင်ကာ ဆိုင်းဘုတ်များကိုင်ဆောင်ရင်း ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးကြီးမှာ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ပရိသတ်ကြီးအတွက် ဂျပန်ကမြန်မာလူမျိုးတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T