ပြင်းထန်လွန်တဲ့လောကဓံရိုက်ချက်တွေဟာ တစ်ခါတလေမှာ သိပ်ကိုနာကျင်စရာကောင်းလွန်းပါ တယ်။ အသက် (၈၀) အရွယ်အဖွားတစ်ယောက်ဟာ သူမရဲ့အသက်အရွယ်မှာ အေးအေးလူလူ နေရမယ့်အစား အသက် (၅၀) အရွယ် မကျန်းမာတဲ့သားဖြစ်သူအတွက် ဆေးကုသနိုင်ဖို့နဲ့ နှစ်ယောက်လုံးရဲ့စားဝတ်နေရေး အတွက် ဘိန်းမုန့်ရောင်းပြီး ဖြေရှင်းနေခဲ့ရတာပါ။ ပရဟိတအလုပ်တွေကို အစဉ်တစိုက်လုပ်နေတဲ့ ကိုပူတူးဟာ သနားစရာအဖွားကိုတွေ့ခဲ့ပြီးနောက် ဘိန်းမုန့်တွေအကုန်ဝယ်ခဲ့ပြီး ငွေသုံးသောင်းကျပ် ကူညီပေးခဲ့ပါတယ်။
ကူညီပေးလိုက်တဲ့အချိန်မှာ အဖွားဟာအရမ်းကိုပျော်သွားခဲ့ပြီး ကူညီပေးသူကို ဘိုးဘိုးအောင်နဲ့တွေ့လို့ သူမ ကံကောင်းတဲ့အကြောင်းတဖွဖွပြောရင်း ကျေးဇူးတင်စကားတွေလည်းပြောခဲ့ပါတယ်။ အခုလို အကျပ်အတည်းကာလမှာ ဒီလိုအဖိုးအဖွားတွေကိုလည်း သေသေချာချာ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ အသက်အရွယ်ကြီးရင့်နေပေမယ့် မကျန်းမာတဲ့သားဖြစ်သူကို စောင့်ရှောက်နိုင်ဖို့ နေပူမရှောင် မိုးရွာမရှောင် ကြိုးစားနေတဲ့ မိခင်တစ်ယောက်ရဲ့မေတ္တာဟာလည်း အံ့မခန်းပါပဲ။
အခုလိုအဖက်ဖက်က ဒုက္ခပင်လယ်ဝေနေတဲ့အခိုက်အတန့်မှာ အန္တရာယ်တွေကြားထဲမှာ မကြောက်မရွံ့ ဈေးထွက်ရောင်းနေတဲ့အဖွားရဲ့ဘဝကလည်း သနားဖို့ကောင်းလွန်းပါတယ်။ တတ်အားသရွေ့ ကူညီပေးတတ်တဲ့ ပရဟိတအကျိုးတော်ဆောင်တစ်ယောက်ရဲ့စေတနာကြောင့် အခိုက်အတန့်တစ်ခုစာ လောက်အဆင်ပြေသွားခဲ့ပြီး အိမ်အပြန်လမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားခဲ့တဲ့အဖွားရဲ့ပုံရိပ်လေးတွေဟာ ပီတိဖြစ်စရာမို့ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ ArrPuu Tuu's FB Acc