တောထဲမှာပင်ပင်ပန်းပန်းဖြတ်သန်းနေရတဲ့ PDF လူငယ်လေးတစ်ယောက်ဟာ လာမယ့် စက်တင်ဘာ (၁၄) ရက်နေ့မှာ သူ့ရဲ့အသက် (၃၀) ပြည့်မွေးနေ့အတွက် အမှတ်တရဖြစ်အောင် မွေးနေ့လက်ဆောင် အဖြစ်နဲ့ အလှူငွေလှူဒါန်းပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ လက်ရှိမှာ သူတို့ဟာ အကြမ်းဖက်လက်နက်ကိုင် တွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ နှစ်ဖက်ထိပ်တိုက်တွေ့လာတဲ့အချိန်မှာ လက်နက်အင်အားမမျှတတာတွေ မဖြစ်ရလေအောင် လိုအပ်တဲ့လက်နက်တွေဝယ်နိုင်ဖို့အတွက် တောင်းခံခဲ့တာပါ။ လက်ရှိမှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတော်တော်လိုအပ်နေတာကြောင့် အခုလိုအလှူခံရကြောင်းလည်း ပြောလာခဲ့ပါတယ်။
ရရှိခဲ့တဲ့အလှူငွေအနည်းအများပေါ်မူတည်ပြီးတော့လည်း မြို့ပေါ်မှာ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေတဲ့ PDF ညီအကိုတွေဆီကို တဆင့်ပြန်လည်မျှဝေပေးသွားမယ်လို့လည်းဆိုပါတယ်။ ဒီတိုက်ပွဲဟာ ဒီမျိုးဆက်ရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တာကြောင့် အောင်ပွဲမရမချင်း အစွမ်းကုန်တိုက်ပွဲဝင် သွားမယ့်အကြောင်း ကတိပြုခဲ့ပါသေးတယ်။ ဒီအလှူခံ Post လေးဟာ မွေးနေ့အမှတ်တရအတွက် တောင်းဆိုတာဖြစ်ပြီး နောက်ထပ်ဘယ်တော့မှ အလှူမခံတော့မယ့်အကြောင်းကိုလည်း အားနာစွာအသိပေးခဲ့ပါသေးတယ်။
ဘယ်လိုပဲ မတောင်းဆိုသော်ငြားလည်း ပြည်သူတွေဟာ PDF လူငယ်လေးတွေအတွက် စေတနာဗရပွနဲ့ အမြဲတမ်းလှူဒါန်းပေးနေကြောင်းလည်းသိရပါတယ်။ ခက်ခဲကြမ်းတမ်းမှုပေါင်းစုံကို ရင်ဆိုင်နေရတဲ့ လူငယ်လေးတွေဟာ ပြည်သူအားလုံးမျှော်လင့်တဲ့အောင်ပွဲကို အသက်နဲ့ရင်းပြီး ယူဆောင်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားပေးနေခဲ့တာလည်းအားလုံးမျက်မြင်ပါပဲ။ မိသားစုနဲ့ဝေးရာမှာနေရသလို အန္တရာယ်တွေကြားထဲမှာလည်း ဘေးကင်းအောင်ကြိုးစားနေထိုင် ရသူတွေမို့ ပြည်သူတွေက ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဆက်လက်လှူဒါန်းနေဦးကြဦးမယ်ဆိုတာ အသေအချာပါပဲ။
သတင်း အရင်းအမြစ်៖ ဗိုလ်နဂါး's FB Acc