တစ်လုံးတည်းသောဂိုးနဲ့ နောဝှစ်ကို အနိုင်ရပြီး အဆင့်အောက်ဆုံးဖြစ်တဲ့ အဆင့်(၂၀)နေရာကနေ ရုန်းထွက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/86/86d44cbae9a992ff5bb4862b8a4d95c08602e849.jpg
အားကစားသတင်းများ

 ၁၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

တစ်လုံးတည်းသောဂိုးနဲ့ နောဝှစ်ကို အနိုင်ရပြီး အဆင့်အောက်ဆုံးဖြစ်တဲ့ အဆင့်(၂၀)နေရာကနေ ရုန်းထွက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ဗီဒီယိုဖိုင်

စက်တင်ဘာလ (၁၁)ရက်နေ့ မနေ့ညကတော့ အာဆင်နယ်အသင်းနဲ့ နောဝှစ်အသင်းတို့ ပရီးမီးယားလိဒ်ပွဲစဥ်အဖြစ် အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဥ်မတိုင် အာဆင်နယ်အသင်းဟာ ရာသီအစ အဖွင့်ပွဲစဥ်သုံးပွဲစလုံးမှာ ရှုံးနိမ့်ထားတာ ဖြစ်ပြီး တိုက်စစ်ပိုင်းကလည်း ဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရလဒ်ပိုင်းတွေ ဆိုးရွားနေတာကြောင့် အာဆင်နယ်အသင်းရဲ့ နည်းပြအာတီတာအတွက် ဖိအားတွေများစွာရှိနေပြီး နောဝှစ်နဲ့ပွဲက အလွန်အရေးကြီးနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

နောဝှစ်အသင်းနဲ့ ပွဲက အာဆင်နယ်အသင်းအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာရော အလွန်အရေးကြီးနေတာကြောင့် အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး အာဆင်နယ်အသင်းတို့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အသက်(၃၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး အူဘာမီယန်းက ပွဲချိန် (၆၆) မိနစ်မှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးဟာ အာဆင်နယ်အသင်းအတွက် လက်ရှိဘောလုံးရာသီရဲ့ ပထမဆုံးပရီးမီးယားလိဒ် ဂိုးဖြစ်သလို တိုက်စစ်မှူးအူဘာမီယန်းအတွက်လည်း လက်ရှိရာသီရဲ့ ပထမဆုံး ပရီးမီးယားလိဒ်သွင်းဂိုး ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အာဆင်နယ်အသင်းဟာ နောဝှစ်အသင်းနဲ့ မကစားမီ လက်ရှိဘောလုံးရာသီရဲ့ အဆင့်အောက်ဆုံးဖြစ်တဲ့ အဆင့် (၂၀)နေရာကို ရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ နောဝှစ်အသင်းနဲ့ နိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ အဆင့်အောက်ဆုံးကနေ ရုန်းထွက်လာနိုင်ခဲ့ပြီး အဆင့် (၁၆)နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းပရိသတ်တွေအတွက် ယခုနိုင်ပွဲက စိတ်ကျေနပ်စရာမဟုတ်ပေမယ့် စိတ်သက်သာရာ ရခဲ့သလို နည်းပြအာတီတာအတွက်လည်း ဖိအားတွေ အနည်းငယ်လျော့နည်းသွားခဲ့ပြီဖြစ်ပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T