ပွဲထွက်ကစားပေးတဲ့ ပထမဆုံးပွဲမှာတင် ခြေစွမ်းပြဂိုးသွင်းနိုင်ခဲ့တဲ့ သားဖြစ်သူအတွက် အတိုင်းမသိဝမ်းသာပြီး ပျော်ရွှင်နေတဲ့ စီရိုနယ်ဒိုရဲ့မိခင်

//s9.kh1.co/74/74126181b5d21382e6e556fef643564a8a3acc91.jpg
အားကစားသတင်းများ

 ၁၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပွဲထွက်ကစားပေးတဲ့ ပထမဆုံးပွဲမှာတင် ခြေစွမ်းပြဂိုးသွင်းနိုင်ခဲ့တဲ့ သားဖြစ်သူအတွက် အတိုင်းမသိဝမ်းသာပြီး ပျော်ရွှင်နေတဲ့ စီရိုနယ်ဒိုရဲ့မိခင်

စက်တင်ဘာလ(၁၁)ရက်နေ့ မနေ့ညကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ယှဥ်ပြိုင်ကစားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းတို့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဥ်မှာ မန်ယူပရိသတ်တွေရဲ့ အချစ်တော်ကစားသမားကြီး စီရိုနယ်ဒိုတစ်ယောက် ပါဝင်ခဲ့ပြီး အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်ကစားခဲ့ပါတယ်။ ပရီးမီးယားလိဒ်ဆီ တစ်ကျော့ပြန်လာတဲ့ စီရိုနယ်ဒိုရဲ့ အဖွင့်ပွဲကို ဘောလုံးပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပရိသတ်တွေရဲ့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရကျိုးနပ်အောင် စီရိုနယ်ဒိုတစ်ယောက်ခြေစွမ်းပြခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် (၂)ဂိုးအထိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူ ပထမဆုံးပွဲထွက်ကစားတဲ့ အဆိုပါပွဲစဥ်ကို စီရိုနယ်ဒိုရဲ့ မိခင်ဖြစ်သူလည်း အိုးထရက်ဖို့ဒ်ကွင်းဆီ လာရောက်ပြီး အားပေးကြည့်ရူခဲ့ပါတယ်။မန်ယူအသင်းအတွက် ပြန်လည်ကစားပေးတဲ့ ပထမဆုံးပွဲမှာတင် ယခုလို ဂိုးသွင်းယူနိုင်ခဲ့တဲ့ သားဖြစ်သူအတွက် စီရိုနယ်ဒိုရဲ့မိခင်ဖြစ်သူဟာ ဝမ်းသာပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မိသားစုကို ပထမဦးစားပေးနေရာမှာ အမြဲထားတဲ့ စီရိုနယ်ဒိုတစ်ယောက် နယူးကာဆယ်အသင်းနဲ့ပွဲမှာ ခြေစွမ်းပြဂိုးသွင်းပြီး မိသားစုဝင်တွေကို ဂုဏ်ယူစေခဲ့ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရိုနယ်ဒိုကတော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းသာဖြစ်ကြောင်း ဘောလုံးလောကကြီးကို လက်တွေ့ပြသနေဆဲ ဖြစ်ပါတယ်။ မန်ယူအသင်းအတွက် အနိုင်ရရှိစေမယ့်ဂိုးတွေကိုတော့ စီရိုနယ်ဒိုက (၂)ဂိုး၊ ဘရူနိုက(၁)ဂိုးနဲ့ လင်ဂတ်က (၁)ဂိုးသွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T