ပွဲဦးထွက် ပထမဆုံးပွဲစဉ်မှာပဲ အသင်းအတွက် သွင်းဂိုးနှစ်လုံးထိ သွင်းပေးနိုင်ခဲ့တဲ့ Ronaldo

//s9.kh1.co/50/5060587a796dd80a79e157357ced9e736612a347.jpg
အားကစားသတင်းများ

 ၁၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

အသက် (၃၆) နှစ်အရွယ်ရှိပြီးဖြစ်တဲ့ တိုက်စစ်မှူး Ronaldo ဟာ ၂၀၀၉ ခုနှစ်တုန်းက ထွက်ခွာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မန်ယူသို့ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ သူပြန်ရောက်‌ပြီး ပထမဆုံးပွဲဖြစ်တဲ့ Newcastle နဲ့ပွဲမှာ မန်ယူအသင်းအတွက် နှစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ မန်ယူပရိသတ်တွေအတွက် ကျေနပ်အားရစရာလည်း ဖြစ်သလို Ronaldo အတွက်လည်း အဖွင့်လှခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/d7/d704da9ed82b509c03b2d9040f47db85e7fd108f.jpg
https://s9.kh1.co/__image/w=650,h=445,q=100/d5/d510ed3f9001a2217d4c659a1437ff1d247d071b.jpg

Ronaldo ဟာ " ဒါဟာမယုံနိုင်စရာ အခိုက်အတန့်ပါပဲ၊ ငါစိတ်လှုပ်ရှားနေခဲ့ပြီး မနေ့ညက ငါဒီပွဲကို ကောင်းကောင်းကစားနိုင်ဖို့ တွေးနေခဲ့တယ်၊ ငါ့အသင်းအတွက် ကူညီနိုင်စွမ်းရှိသေးတာကိုပြဖို့အတွက်ပေါ့၊ ဒါပေမယ့် ခုတော့မယုံနိုင်စရာပါပဲ၊ ငါအရမ်းဂုဏ်ယူသလို ငါ့ကိုဂုဏ်ယူနိုင်ဖို့အတွက်လည်း အသင်းမှာ အကောင်းဆုံး ကစားသွားမှာပါ " ဆိုပြီး ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=585,q=100/fd/fd648c28ed3b55bc405ede2d16a31bee3fcd711c.png

Bruno Fernandes ရဲ့အဝေးကန်ချက်ဂိုးနဲ့ Jesse Lingard ရဲ့ အချိန်ပိုသွင်းဂိုးနဲ့အတူ စုစုပေါင်း မန်ယူဟာ ၄ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အနိုင်ရမှုနဲ့အတူ ပရီးမီးယားလိဂ်ဇယားရဲ့ ထိပ်ဆုံးမှာ မန်ယူဟာ ရပ်တည်နေပါတယ်။

https://s9.kh1.co/__image/w=650,h=481,q=100/76/76d4a16920cdf88c8520ea82bd94ff3319ca9aaa.jpg

" ဒါဟာ မန်ယူပါပဲ၊ ဒါဟာ Cristiano ပါပဲ ပြီးတော့ ဒီနေ့ဟာ လူတိုင်းအတွက် ပျော်ရွှင်စရာနေ့ရက်ပါပဲ " ဆိုပြီး မန်ယူအသင်းနည်းပြ Ole Gunnar Solskjaer ကပြောခဲ့ပါတယ်။ Ronaldo ရဲ့အောင်ပွဲပုံရိပ်တွေနဲ့အတူ သူပြန်လာတာကို ကြိုဆိုပြီး လာကြည့်ကြတဲ့ ပရိသတ်တွေရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo From Red Devil Nepal
Photo From Red Devil Nepal
Photo From Red Devil Nepal
Photo From Red Devil Nepal

သတင်း အရင်းအမြစ်Skysports

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T