လူတစ်ရပ်ကျော်တဲ့ စပါးကြီးမြွေကြီးကို အမြီးကနေဆွဲပြီး ဘေးကင်းရာသို့ သွားလွှတ်ပေးနေတဲ့ ထိုင်းနိုင်ငံက အဘွားအိုတစ်ဦးရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/6f/6f38688967d92a6186e15342d04f5a3f7bcf735a.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လူတစ်ရပ်ကျော်တဲ့ စပါးကြီးမြွေကြီးကို အမြီးကနေဆွဲပြီး ဘေးကင်းရာသို့ သွားလွှတ်ပေးနေတဲ့ ထိုင်းနိုင်ငံက အဘွားအိုတစ်ဦးရဲ့ ဗီဒီယိုဖိုင်

လူတစ်ယောက်ချင်းဆီမှာ သတ္တဝါတစ်ခုခုကို ကြောက်ရွံ့တဲ့ အကြောက်တရားတွေရှိကြပြီး အချို့မိန်းကလေးတွေဟာ ပိုးဟပ်၊ အိမ်မြှောင်စတဲ့ အ​ကောင်တွေကို ကြောက်ရွံ့တတ်ကြပါတယ်။ မြွေကိုလည်း လူအများအပြားက ကြောက်ရွံ့တတ်ကြသလို တစ်ဖက်​မှာလည်း မြွေကို မ​ကြောက်တဲ့ လူတွေလည်း ရှိနေကြပါတယ်။ မြွေသေးသေးကိုတော့ မကြောက်ပေမယ့် လူတစ်ရပ်နီးပါးရှည်တဲ့ မြွေကြီးတွေကို တွေ့ရင်တော့ လူတွေဟာ ကြောက်ရွံ့သွားကြမှာ သေချာပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

မိန်းကလေးဖြစ်​ပေမယ့် မြွေကို မကြောက်လန့်တတ်တဲ့ လူတစ်ယောက်ရှိနေပြီး အဆိုပါအမျိုးသမီးကတော့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဖတ်ထလုန်းမြို့က အကြားအာရုံချို့တဲ့နေတဲ့ အဘွားအိုတစ်ယောက်ဟာ သူငယ်ငယ်လေးထဲက မြွေတွေနဲ့ နပန်းလုံးလာခဲ့သူဖြစ်ပါတယ်။ ယခုမှာတော့ အဆိုပါအဘွားအိုဟာ အသက်ရှင်နေတဲ့ စပါးကြီးမြွေကြီးတစ်ကောင်ကို အမြီးကနေ ဆွဲပြီး ဘေးကင်းရာနေရာသို့ သွားလွှတ်ပေးနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တစ်ခြားသတ္တဝါတွေ၊လူတွေ အန္တရာယ်ရှိတာမို့ အဘွားအိုက သူရဲ့လယ်ထဲကို ရောက်ရှိလာပြီး လူတစ်ရပ်ကျော်တဲ့ အဆိုပါ​စပါးကြီးမြွေကြီးကို ယခုလိုသွားလွှတ်ပေးနေခဲ့တာ ဖြစ်ပါတယ်။ ဘေးကင်းရာသို့ သွားလွှတ်ပေးနေတဲ့ အဆိုပါအဘွားအိုကို ကြည့်ပြီး ပတ်ဝန်းကျင်ရှိ လူတွေက အံ့သြနေကြကာ ဗီဒီယို ရိုက်ကူးထားခဲ့တာပဲ ဖြစ်ပါတယ်။ အသက်ရှင်နေတဲ့ စပါးကြီးမြွေ အကြီးကြီးကို အမြီးကနေ ဆွဲပြီး ဘေးလွတ်ရာသို့ သွားလွှတ်ပေးနေတဲ့ ထိုင်းအဘွားအိုတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T