စစ်လက်နက်သိုလှောင်ရေးတပ်ရင်းကို လျှပ်စစ်ပေးပို့နေတဲ့ 33 KVA ဓာတ်အားရုံကို ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/79/79ba1aaaa92570c48f3370bea66fef769c6a0f28.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

စစ်လက်နက်သိုလှောင်ရေးတပ်ရင်းကို လျှပ်စစ်ပေးပို့နေတဲ့ 33 KVA ဓာတ်အားရုံကို ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ စက်တင်ဘာလ (၉)ရက်နေ့မှာတော့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်က နတ်မောက်-ရွာမွန် လမ်းမပေါ်ရှိ 33 KVA ဓာတ်အားရုံကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဒန့်သလွန်ပင်ကျေးရွာအနီး၊ နတ်မောက်-ရွာမွန်ကားလမ်းမှာရှိတဲ့ စစ်လက်နက်သိုလှောင်ရေးတပ်ရင်းကို လျှပ်စစ်ဓါတ်အား ပေးပို့ရန် ဆက်သွယ်ထားတဲ့ ဓာတ်အားရုံရဲ့စက်ရုံခန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ် ။ စက်တင်ဘာလ (၉)ရက်နေ့၊ ညနေ (၄း၄၀) ခန့်မှာ အခုလိုလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်က ကြေညာခဲ့ပါတယ်။

Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page
Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page
Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page
Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page

ဒါ့အပြင် ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်က 33 KVA ဓာတ်အားရုံကို ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ဗီဒီယိုဖိုင်ကိုပါ ထုတ်ဖော်ပြသထားတာလည်း တွေ့ရပါတယ်။ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ရဲ့ပင်မဆက်သွယ်ရေးတပ်အမှတ်( ၂ )နဲ့ ရွာမွန်ပင်မစစ်လက်နက်သိုလှောင်ရေးတပ်ရင်းကိုလျှပ်စစ်ဓါတ်အားပေးနေတဲ့ ဓာတ်အားရုံဖြစ်တာကြောင့် အခုလိုမျိုး လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က အရေးပေါ်ကြေညာချက်ဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page
Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page
Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page
Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ယခုလက်ရှိမှာဆိုရင် စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံထားတာလည်း တွေ့ရပါတယ်။ နတ်မောက်မြို့နယ်ရှိ 33 KVA ဓာတ်အားရုံကို ဖျက်ဆီးတိုက်ခိုက်ခဲ့တဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page

Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page
Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page
Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page
Photo Credit-"ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T