​ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ အသင်းဟောင်းအက်သလက်တီကိုအသင်းဆီကို ပြန်ရောက်လာပြီး ကျောနံပတ်(၈) ဝတ်ဆင်ကစားမယ့် ဂရစ်မန်းဇ်

//s9.kh1.co/4c/4c2e497e2234d868727959fd4fb7c8ee8484d345.jpg
အားကစားသတင်းများ

 ၀၉-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

​ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ အသင်းဟောင်းအက်သလက်တီကိုအသင်းဆီကို ပြန်ရောက်လာပြီး ကျောနံပတ်(၈) ဝတ်ဆင်ကစားမယ့် ဂရစ်မန်းဇ်

ဘာစီလိုနာအသင်းဟာ ပြင်သစ်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ တိုက်စစ်မှူးဂရစ်မန်းဇ်ကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ လာလီဂါချန်ပီယံ အက်သလက်တီကိုမက်ဒရစ်အသင်းဆီကို အဌားချလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ငွေကြေးအခက်အခဲတွေကြောင့် ထိပ်တန်းခြေစွမ်းပိုင်ဆိုင်ထားတဲ့ ဂရစ်မန်းဇ်ကို ယခုလိုအဌားချလိုက်တာပဲ ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ လက်ရှိဘောလုံးရာသီပြီးရင်တော့ အသက်(၃၀)အရွယ်ရှိတဲ့ တိုက်စစ်မှူး ဂရစ်မန်းဇ်ကို ယူရိုသန်း(၄၀)နဲ့ မဖြစ်မနေ ဝယ်ယူရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဂရစ်မန်းဇ်ကတော့ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ဘောလုံးဇာတ်ခုံပေါ်ကို တတ်လှမ်းလာနိုင်အောင် ကူညီပေးတဲ့ အက်သလက်တီကိုအသင်းဆီကို တစ်ကျော့ပြန်လာကာ နည်းပြ Simeone နဲ့ပြန်လည်လက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းကတော့ တိုက်စစ်မှူးဂရစ်မန်းဇ်ကို စက်တင်ဘာလ(၈)ရက်နေ့ မနေ့က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ ဂရစ်မန်းဇ်ဟာ ကျောနံပတ်(၈)ဝတ်ဆင်မှာဖြစ်ပြီး Saul တစ်ယောက် ချဲလ်ဆီးအသင်းဆီ ထွက်ခွာသွားလို့ အဆိုပါကျောနံပတ်ဟာ လစ်လပ်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဂရစ်မန်းဇ်တစ်ယောက် အက်သလက်တီကိုမက်ဒရစ်အသင်းဆီကို ပြန်လာချိန်မှာ ထူးခြားတာတစ်ခုက ဆံပင်ညှပ်လိုက်တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာတုန်းက ဆံပင်အရှည်နဲ့ ကစားခဲ့တာဖြစ်ပါတယ်။ ဂရစ်မန်းဇ်ကတော့ အက်သလက်တီကိုအသင်းမှာ Suarez ၊ Correa ၊ Joao felix ၊ Carracso တို့နဲ့ တိုက်စစ်ပိုင်းမှာ တွဲဖက်ကစားရမှာပဲ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဂရစ်မန်းဇ်ကို ဆံပင်အတိုနဲ့ မြင်တွေ့ခဲ့ရတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T