အမိုက်စားရိုက်ကွက်တွေနဲ့အတူ ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ Han So Hee

//s9.kh1.co/28/2846d0aef344ae4990b6c7db65d3122ca71272a1.webp
ဖျော်ဖြေရေးများ

 ၀၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

Netflix Korea သည်မကြာသေးမီက "My Name" ဟုခေါ်တဲ့ Han SoHee ပါဝင်သရုပ်ဆောင်ထားသောဒရမ်မာဇာတ်လမ်းတွဲသစ်အတွက်ပိုစတာကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ Han SoHee တစ်ယောက်ဓားကိုကိုင်ပြီး သတ်ဖို့အဆင်သင့်ဖြစ်နေပုံနဲ့ ပိုစတာမှာတွေ့မြင်ရပြီးပိုစတာတွေက netizens တွေကိုအံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter
Photo credit-Twitter

Han So Hee က သူမရဲ့ဖခင်ရဲ့သေဆုံးမှုနောက်ကွယ်က အမှန်တရားကိုရှာဖွေရန်အတွက် ရဲတပ်ဖွဲ့၀င်တစ်ယောက်အနေနဲ့ မူးယစ်ဆေးဝါးဂိုဏ်းမှာ လျှို့ဝှက်ထောက်လှမ်းရေးတာ၀န်ခံအဖြစ် ပါ၀င်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Han So Hee နဲ့အတူ Itaewon class မှမင်းသား Ahn Bo Hyn လည်း ပါ၀င်သွားမှာဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

ဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့တွင်ပြသသွားမှာဖြစ်ပြီး လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T