ကွင်းထဲအတင်းပြေးဝင်လာပြီး သူ့ကိုပွေ့ဖက်ဖို့ကြိုးစားတဲ့ ကလေးငယ်လေးတစ်ဦးကို နွေးထွေးစွာကြိုဆိုပေးခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/f0/f0c43ce507cb8568ce20e0c76ec5cbb24d6aac1f.jpg
အားကစားသတင်းများ

 ၀၆-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကွင်းထဲအတင်းပြေးဝင်လာပြီး သူ့ကိုပွေ့ဖက်ဖို့ကြိုးစားတဲ့ ကလေးငယ်လေးတစ်ဦးကို နွေးထွေးစွာကြိုဆိုပေးခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ ရက်ပိုင်းက ဗင်နီဇွဲလားအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ကမ္ဘာ့ဖလား​ခြေစစ်ပွဲအဖြစ် ရင်ဆိုင်ကစားခဲ့ကြပြီး အာဂျင်တီးနားအသင်းက (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် ဂိုးတွေကိုတော့ လော်တာရိုမာတီနက်ဇ်၊ ယော်ကွင်းကော်ရီယာ၊ အန်ဟယ်ကော်ရီယာတို့က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါဗင်နီဇွဲလားနဲ့ ပွဲစဥ်မှာ မက်ဆီတစ်ယောက် အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပွဲစဥ်မှာ ထူးခြားချက်တစ်ခုက မက်ဆီရဲ့ ပရိသတ်ဖြစ်တဲ့ ဗင်နီဇွဲလားကလေးငယ်လေးတစ်ဦးဟာ မက်ဆီနဲ့ တွေခွင့်ရရှိဖို့ အသည်းအသန်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကာရံထားတဲ့ အကာအရံတွေကို ကျော်ဖြတ်ပြီး ကွင်းထဲကို ပြေးဝင်ကာ သူအားပေးတဲ့ မက်ဆီကို ပွေ့ဖက်ခွင့်ရရှိဖို့ အဆိုပါကလေးငယ်လေးက ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါကလေးငယ်ရဲ့ ကြိုးစားမှုဟာ အရာထင်တယ်လို့ ဆိုရမှာဖြစ်ပြီး မက်ဆီက ပွေ့ဖက်ဖို့လာတဲ့ ကလေးငယ်လေးကို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မက်ဆီက ပရိသတ်တွေကို အလေးထားပြီး ဆက်ဆံသလို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ ပရိသတ်တိုင်းကိုလည်း ငြင်းပယ်ခြင်းမရှိဘဲ အကောင်းဆုံးပြန်လည်ပြုမူလေ့ရှိတာဖြစ်ပါတယ်။ သူရဲ့ ပရိသတ်ဖြစ်တဲ့ ဗင်နီဇွဲလားကလေးငယ်လေးကို နွေးထွေးစွာပြန်လည်ပွေ့ဖက်ပေးတဲ့ မက်ဆီရဲ့ လုပ်ရပ်ကို ဘောလုံးပရိသတ်တော်တော်များများက ချီးကျူးနေကြပါတယ်။ကွင်းထဲ ​ပြေးဝင်လာတဲ့ သူရဲ့ ပရိသတ်ကလေးငယ်လေးတစ်ဦးကို နွေးထွေးစွာကြိုဆိုပေးတဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T