ပြည်သူတွေရွေးကောက် တင်မြောက်ထားတဲ့ သမ္မတကိုဖမ်းဆီးပြီး စစ်တပ်မှအာဏာသိမ်းယူမှုဖြစ်ပွားခဲ့တဲ့ ဂီနီနိုင်ငံ

//s9.kh1.co/33/331b753442865a7794a5aa7893733e9a959563b3.jpg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အာဖရိကအနောက်ပိုင်းရှိ ဂီနီနိုင်ငံမြို့တော်မှာ စက်တင်ဘာ (၅) ရက် မနက်အစောပိုင်းက သမ္မတအိမ်တော်အနီးမှာ သေနတ်သံများပေါ်ထွက်လာပြီးနောက် ဂီနီနိုင်ငံရဲ သမ္မတဖြစ်သူ Alpha Conde ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိအစိုးရကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး စစ်တပ်မှအာဏာသိမ်းလိုက်ပြီဖြစ်ကြောင်းကိုလည်း နိုင်ငံပိုင်ရုပ်သံလိုင်းမှတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဂီနီနိုင်ငံရဲ့ မြို့တော် Conakry မြို့လယ်ကောင်တွေမှာ စစ်ကားများဖြင့် လှည့်လည်နေကြတယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သမ္မတ Alpha Condeဟာ နိုင်ငံတော်အာဏာကို ဆက်လက် သိမ်းပိုက်ထားနိုင်ရေးအတွက်၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ တတိယအကြိမ်မြောက် အနိုင်ရခဲ့ပြီး သမ္မတနေရာကို ဆက်လက်ရှိနေတာဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်ခေါင်းဆောင်ကလည်း “နိုင်ငံရေးကို လူပုဂ္ဂိုလ်တစ်ယောက်ပေါ်မှာ အပ်နှင်းထားဖို့ ယုံကြည်မှုမရှိတော့ဘူး.. နိုင်ငံရဲ့ လူမှုစီးပွားရေးအခြေအနေရယ် လူတွေရဲ့ အခွင့်အရေးနဲ့ ဒီမိုကရေစီတန်ဖိုးကို မလေးစားတာကြောင့် ပြည်သူတွေပေါ်မှာ အပ်ထားဖို့တစ်ခုတည်းအတွက် ဒီလိုလုပ်ရခြင်း ဖြစ်တယ်” ဟု နိုင်ငံပိုင် ရုပ်သံလိုင်းမှ ကြေညာထားခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဂီနီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာဟာ၁၉၈၄ နှင့် ၂၀၀၈ ခုနှစ်များတွင်လည်း စစ်အာဏာသိမ်းမှု နှစ်ကြိမ်ရှိခဲ့ပြီး ယခုအကြိမ်ဆို တတိယအကြိမ် အာဏာသိမ်းခြင်းဖြစ်တယ်လို့ The New York Times ရဲ ဖော်ပြချက်အရ သိရပါတယ်။ ဒီလို အာဏာသိမ်းမှုကိုလည်း ကုလသမ္မဂက “ပြင်းပြင်းထန်ထန်ရှုံချပြီး၊ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်” ဟု ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ Alpha Condeဟာ ဂီနီနိုင်ငံရဲ့ ပထမဆုံးသော ဒီမိုကရေစီအရ ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ သမ္မတလည်းဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - The New York Times

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T