အာဖကန်နစ္စတန်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အရေးအခင်းဟာ အတော်လေးကိုဆိုးဝါးပြီး နိုင်ငံတွင်းမှာနေထိုင်ကြသူတွေဟာ တာလီဘန်တွေကြောင့် တခြားနိုင်ငံကို ရရာလေယာဥ်နဲ့ အမြန်ဆုံး ထွက်ပြေးခဲ့ကြတာ တစ်ကမ္ဘာလုံးမျက်မြင်ပါပဲ။ ဒီနေ့မှာလည်း တာလီဘန်တွေဟာ သူတို့ကိုဆန့်ကျင်တဲ့ နောက်ဆုံးအဖွဲ့ကိုချေမှုန်းပြီးနောက် ညပိုင်းအချိန်တွင် ကာဘူးလ်လေဆိပ်မှာ သေနတ်များပစ်ဖောက်ကာ အောင်ပွဲခံခဲ့ကြတာကြောင့် လူ (၁၇) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဖကန်အခြေစိုက်သတင်းဌာနနှစ်ခုဖြစ်တဲ့ Shamshad နဲ့ Tolo News တို့က တင်ပြခဲ့ပါတယ်။
တာလီဘန်များက ၎င်းတို့ကို ဆန့်ကျင်သောအဖွဲ့အစည်းများ ခြေကုတ်ယူထားတဲ့ ကာဘူးလ်မြို့မြောက်ပိုင်း Panjshir တောင်ကြားအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဟု ကြေညာခဲ့ပြီး၊ အဆိုပါတိုက်ပွဲတွင် (၁၀၀) ခန့်သေဆုံးခဲ့သည်ဟု ထုတ်ပြန်လာခဲ့ပါတယ်။ သို့သော်လည်း ဆန့်ကျင်ဘက်အဖွဲ့ခေါင်းဆောင်မှ တာလီဘန်များ၏ ပြောကြားချက်ကို ငြင်းဆိုထားခဲ့ပါတယ်။ ကာဘူးလ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Panjshir တောင်ကြားဟာ ဒေသတွင်းစစ်သွေးကြွများနှင့် ယခင်အစိုးရအဟောင်းမှ စစ်သားများ ပူးပေါင်း၍ တပ်စွဲထားရာနေရာဖြစ်ပါတယ်။
အကယ်၍ တာလီဘန်များက Panjshir တောင်ကြားကို အမှန်တကယ်သိမ်းယူနိုင်ခဲ့ပါက အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးအား ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် နိုင်ငံအစိုးရသစ်မဖွဲ့မီ ဆန့်ကျင်သူများအား အပြီးသတ်ချေမှုန်းသွားရန် ဆုံးဖြတ်ထားကြပုံရသည်ဟုလည်း နိုင်ငံတကာသတင်းများမှ သုံးသပ်ထားခဲ့ပါတယ်။