ဒုက္ခအရမ်းရောက်နေတဲ့ ဇာတိရွာလေးဆီပြန်ပြီး နေ့မနား၊ညမနားနဲ့ ကိုဗစ်လူနာတွေကို ကိုယ်တိုင် ဆေးကုသကာ ပြုစုပေးနေတဲ့ ဆရာတော်တစ်ပါး

//s9.kh1.co/fa/fafcd2f4a45ccbbc83c7efdc7b0cb8e47fbc98aa.jpg
နေ့စဉ်သတင်းများ

 ၀၅-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဒုက္ခအရမ်းရောက်နေတဲ့ ဇာတိရွာလေးဆီပြန်ပြီး နေ့မနား၊ညမနားနဲ့ ကိုဗစ်လူနာတွေကို ကိုယ်တိုင် ဆေးကုသကာ ပြုစုပေးနေတဲ့ ဆရာတော်တစ်ပါး

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဆရာတော်တစ်ပါးရဲ့ ဇာတိရွာဖြစ်တဲ့ မြိုင်မြို့နယ်၊ ကျော်ရွာမှာ ရွာသား တော်တော်များများက ကိုဗစ်ရောဂါ ကူးစက်ခံထားရပါတယ်။ ဆေးကုသပေးမယ့်လူမရှိသလို မြို့ဆေးရုံသွားဖို့ကလည်း အခက်အခဲရှိနေတာဖြစ်ပြီး ရွာသားတွေဟာ ဒုက္ခရောက်နေခဲ့ပါတယ်။အဆိုပါဘုန်းဘုန်းကတော့ ဇာတိမြေက လူတွေဒုက္ခရောက်နေတာကို မကြည့်ရက်တော့လို့ အသိဆရာဝန်တစ်ဦးကို ခေါ်ပြီး ဇာတိရွာလေးဆီပြန်ကာ ကိုယ်တိုင် ဆေးကုသ ပေးနေခဲ့ပါတယ်။ ရွာက လူကြီးတွေပါ ဖျားနာနေတာမို့ ဘုန်းဘုန်းက သူကိုယ်တိုင်ဦးစီးပြီး နေ့မနား၊ညမနားနဲ့ ဆေးကုသပေးနေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

နေ့ခင်းမှာ ကိုဗစ်လူနာတွေကို ကုသပေးသလို ညအချိန်ဆိုလည်း ရွာထဲပတ်ပြီး သက်ကြီးရွယ်အို ကိုဗစ်လူနာများကို အိမ်တိုင်ရာရောက် လိုက်လံကြည့်ရူပေးနေတာ ဖြစ်ပါတယ်။ ယခုမှာတော့ ဘုန်းဘုန်းဟာ ရွာထဲက အသက်အကြီးဆုံးဖြစ်သလို အသက်(၉၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတစ်ဦးကို ကိုဗစ်ပိုး ရှိမရှိ ကိုယ်တိုင်ဆေးစစ်ကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ အဆိုပါအဘိုးအိုဟာ ကိုဗစ်ရောဂါကူးစက်ခံထားရသလို အောက်ဆီဂျင်လည်း ကျနေတာကြောင့် အောက်ဆီဂျင်စက်ပေးထားရကြောင်း ဆရာတော်က ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဘုန်းဘုန်းကတော့ ရွာထဲက အသက်အကြီးဆုံး(၉၇)နှစ်အရွယ် လူနာ ဒကာကြီးကို ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ခဲ့ကြောင်း၊ အောက်ဆီဂျင်လည်း ကျနေလို့ အောက်ဆီဂျင် ပေးထားရ​ကြောင်း၊ ရွာရဲ့သမိုင်းနဲ့ ကိုလိုနီခေတ်အကြောင်း၊ အလံနီ အလံဖြူတွေအကြောင်းကို လက်တွေ့ကျကျ ပြောပြနိုင်တာဆိုလို့ ရွာထဲမှာ အဆိုပါဒဏာကြီးတစ်ယောက်ပဲ ရှိကြောင်း၊ ရွာနားတစ်ဝိုက်မှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး တိုက်ပွဲတွေအကြောင်းကို အဆိုပါဒဏာကြီး ပြောပြရင် တကယ်စိတ်ဝင်စားစရာ ကောင်းကြောင်း၊ သူ့အပေါ်လည်း ချီးကျူးတာတွေ ဆုံးမပြောဆိုခဲ့တာတွေ ပြုလုပ်လေ့ရှိ​တဲ့ အဆိုပါဒဏာကြီးတစ်ယောက် အမြန်သက်သာ ပျောက်ကင်းပါစေကြောင်း ရေးသားထားပါတယ်။ ဇာတိရွာက ကိုဗစ်လူနာတွေကို ဆေးလိုက်ကုသပေးနေတဲ့ ဆရာတော်တစ်ပါးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T