ကာဘူးလ်လေဆိပ်က ပို့ဆောင်ရေးပိတ်လိုက်ပေမယ့်လည်း ဂျာမဏီမှာရှိတဲ့ စစ်ဘေးရှောင် (၁၄၀၀၀) အတွက် ကယ်ဆယ်ရေးစတင်တော့မယ် အမေရိကန်

//s9.kh1.co/88/88f5204c85d810d5cf5893ab3a4262f4e78bb21f.png
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

တာလီဘန်တို့အာဏာသိမ်းလိုက်စဉ်မှာပဲ အာဖန်မှာရှိတဲ့ပြည်သူအများဟာ ဘေးလွတ်ရာကို အလုအယက် ရွှေ့ပြောင်းခဲ့ကြပါတယ်။ လက်ရှိမှာလည်း ကာဘူးလ်လေဆိပ်ကသယ်ယူပို့ဆောင်ရေးရပ်တန့်လိုက်ပေမယ့် ဂျာမဏီမှာရောက်နေတဲ့ စစ်ဘေးရှောင်လူဦးရေ (၁၄၀၀၀) ကျော်အတွက် နောက်ထပ်အဆင်ပြေမယ့် နည်းလမ်းတွေစီစဉ်ပေးနိုင်ဖို့ကို အမေရိကန်ဖက်က စီစဉ်နေခဲ့ပါတယ်။ ဂျာမနီရှိ Ramstein လေတပ်အခြေစိုက်စခန်းက တပ်ဆင်ရေးမှူး Olson က " ဒါကငါ့မိသားစုပဲ၊ ငါသူတို့ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို တွက်ချက်ရမယ် " ဆိုပြီး သတင်းမီဒီယာတွေကိုပြောပြခဲ့ပါတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

Ramstein လေတပ်စခန်းဟာ အမေရိကအပြင်ဘက်ရှိအကြီးဆုံး အမေရိကန်လေတပ်စခန်းများထဲမှ တစ်ခုဖြစ်ပြီးတာလီဘန်တို့အာဏာသိမ်းပြီးနောက် အာဖဂန်နစ္စတန်မှ ထွက်ခွာရေး အတွက်အရေးပါသော အချက်အချာနေရာဖြစ်ခဲ့ပါတယ်။ သြဂုတ် (၂၀) မှစ၍ လေယာဉ် (၁၀၆) စီးခန့်ဆင်းသက်ခဲ့ပြီးအများစုမှာ C-17 တိုက်လေယာဉ်များဖြစ်ပါတယ်။ ကယ်ဆယ်ရေး လေတပ်စခန်းမှာ ရောက်လာမယ့် စစ်ဘေးရှောင်တွေအားလုံး အဆင်ပြေစေဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုများပြုလုပ်ပေးခဲ့ပါသေးတယ်။ ခက်ခဲပေမယ့်လည်း အာဖဂန်က ထွက်ပြေးလာသူတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံးကယ်ထုတ်နိုင်ခဲ့ပါ တယ်လို့ Olson က ပြောပြခဲ့ပါတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

Ramstein လေတပ်စခန်းသို့ ယခုအချိန်ထိရောက်ရှိလာသော စစ်ဘေးရှောင်အရေအတွက်ဟာ အခြေစိုက် စခန်းကလက်ခံနိုင်သော ဂျာမန်မြူနီစီပယ်၏လူဦးရေထက်သုံးဆနီးပါး ကျော်လွန်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ကာဘူးလ်လေဆိပ်အပြင်ဘက်တွင်လည်း သေစေနိုင်သောအကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး အမေရိကန်စစ်မှုထမ်း (၂၀) နှင့် အာဖဂန် (၁၀) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူ အချို့ကိုတော့ ကာဘူးလ်မှထွက်ခွာလာတဲ့ C-17 လေယာဉ်များပေါ်တွင် ဆေးကုသမှုခံယူနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

သတင်း အရင်းအမြစ်CNN's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T