PPE ဝတ်စုံနဲ့အနားကိုကပ်လာတဲ့ ဆရာဝန်ကိုမြင်ပြီး ကြောက်အားလန့်အားနဲ့ ငယ်သံပါအောင်ထအော်လိုက်တဲ့ လူနာတစ်ဦးရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/d0/d09bfb448d8292a921444cb770f2bc72c94a053e.jpg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

PPE ဝတ်စုံနဲ့အနားကိုကပ်လာတဲ့ ဆရာဝန်ကိုမြင်ပြီး ကြောက်အားလန့်အားနဲ့ ငယ်သံပါအောင်ထအော်လိုက်တဲ့ လူနာတစ်ဦးရဲ့ဗီဒီယိုဖိုင်

ဒီတစ်ခါမှာတော့ ယခုလတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ အရမ်းရေပန်းစားနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဗီယက်နမ်လူမျိုးတစ်ဦးက ဒီဗီဒီယိုကို သူ့ရဲ့Tik Tok Account မှာ ဖော်ပြခဲ့ရာကနေ ကြည့်ရှုသူအများအပြားရရှိပြီး ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာတော့ လူနာတစ်ယောက်က PPE ဝတ်စုံနဲ့ဆရာဝန်တစ်ဦးကိုမြင်ပြီး သူ့ဘာသူ ကြောက်အားလန့်အားနဲ့ ထအော်လိုက်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo Credit-Nam1310199
Photo Credit-Nam1310199
Photo Credit-Nam1310199
Photo Credit-Nam1310199

PPE ဝတ်ဆင်ထားတဲ့ ဆရာဝန်တစ်ဦးက လူနာကိုကြည့်ပေးဖို့ ကုတင်အနားကိုသွားတဲ့အချိန်မှာပဲ လူနာက လန့်ဖျတ်ပြီး ရုတ်တရက်ထအော်လိုက်တာ ဖြစ်ပါတယ် ။ ငယ်သံပါအောင် အော်ဟစ်လိုက်တဲ့ လူနာရဲ့အသံကြောင့် ဆရာဝန်လည်း လန့်သွားပြီး စိတ်အေးအေးထားဖို့ ပြောလိုက်ရတာ ဖြစ်ပါတယ် ။ ဒီလူနာရဲ့အသံကြောင့် ဘေးကုတင်မှာ အောက်ဆီဂျင်ရှူနေရတဲ့ လူနာတစ်ယောက်ပါ ကြောက်လန့်ပြီး ထထိုင်လိုက်ရတာ ဖြစ်ပါတယ် ။

Photo Credit-Nam1310199
Photo Credit-Nam1310199
Photo Credit-Nam1310199
Photo Credit-Nam1310199

ဒါ့အပြင် တစ်ခြား PPE ဝတ်စုံနဲ့ ဆရာဝန်တွေပါ အခန်းထဲဝင်လာပြီး ဘာဖြစ်တာလဲဆိုတာကို လာကြည့်ရတဲ့အထိ ဖြစ်သွားခဲ့တာ ဖြစ်ပါတယ် ။ ဗီဒီယိုဖိုင်ကို ကြည့်ရှုလိုက်ရတဲ့သူတွေကတော့ ဒီလူနာရဲ့အဖြစ်ကိုကြည့်ပြီး ရယ်ရခက်ငိုရခက်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ တစ်ချို့ကလည်း ဒီလိုမျိုးနေမကောင်းဖြစ်နေတဲ့အချိန်မှာ စိတ်ကယောင်ချောက်ချား ဖြစ်တတ်တယ်ဆိုပြီး ဒီလူနာရဲ့အဖြစ်ကို ကိုယ်ချင်းစာပေးနေကြတာ ဖြစ်ပါတယ် ။ လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြည့်ရှုသူများပြားပြီး ရေပန်းစားနေတဲ့ ဒီဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source & Video Credit-Nam1310199

Photo Credit-Nam1310199
Photo Credit-Nam1310199
Photo Credit-Nam1310199
Photo Credit-Nam1310199
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T