သိန်းတစ်ထောင်ခန့် ဓားပြတိုက်ခံလိုက်ရတဲ့ KBZ ဘဏ်

//s9.kh1.co/3c/3ce720f4120d8a6e47e7a7f1cb61dbb77f955631.jpeg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ဗဟိုစျေးကြီး အနီးရှိ KBZ ဘဏ် ကို စက်တင်ဘာလ(၃)ရက်နေ့ နေ့လည်ပိုင်းအချိန်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နေ့လည် (၂)နာရီဝန်းကျင်အချိန်လောက်က အမျိုးသားတစ်ဦးဟာ သေနတ်အတိုတစ်လက်ဖြင့် ဘဏ်အတွင်း ဝင်ရောက်က အနုကြမ်းစီး ဓားပြတိုက်သွားခဲ့တာ ဖြစ်ပါတယ်။ ဓားပြတိုက်မှုဖြစ်ပွားခဲ့တဲ့ အဆိုပါကျောက်မဲဘဏ်ဟာ ဖွင့်တာ မကြာသေးဘူးလို့သိရပြီး ဓားပြတိုက်တဲ့သူကတော့ Wish ကား အဖြူရောင် အသုံးပြုတဲ့သူ ဖြစ်တယ်လိုလည်း သိရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

ပိုက်ဆံဘယ်လောက်ပါသွားတယ် ဆိုတာတော့ အတိအကျမသိရသေးပေမယ့် သိန်းတစ်ထောင်လို့တော့ ကြားသိရတယ်ဆိုပြီး ဒေသခံ ပြည်သူတစ်ဦးက ပြောပြလာပါတယ်။ လက်ရှိမှာတော့ ဓားပြတိုက်ခံရတဲ့ ကျောက်မဲ KBZ ဘဏ်ကို စကစအဖွဲ့ဝင်တွေ ရောက်ရှိနေပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘဏ်ဓားပြတိုက်ခံရပြီးနောက် ဗဟိုစျေးကြီးအနီး လမ်းဆုံတွေမှာ စစ်ဆေးမေးမြန်းတာတွေရှိပြီး ည (၇)နာရီခွဲနောက်ပိုင်း အပြင်ထွက်ရင် ပစ်မိန့် ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

ပြီးခဲ့တဲ့ဩဂုတ်လ (၃၀)ရက်နေ့ကလည်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က ကမ္ဘာ့ရတနာဘဏ်မှာ ငွေသိန်း တစ်ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားထားပါသေးတယ်။ လတ်တလောမှာတော့ ဘဏ်ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လုယက်မှုတွေလည်းဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက် သွားလာကြဖို့လည်း တိုက်တွန်းမျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T