စားဝတ်နေရေး ခက်ခဲလွန်းလို့ ကလေးတွေကို လမ်းမှာ တွေ့တဲ့လူတွေအား မွေးစားဖို့ လိုက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/dc/dc80e16d27c6b9335dbb68475a7d3d82276c10dc.jpeg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ဒီလိုကာလတွေမှာတော့ ပြည်သူတွေ ခမျာ အခြေအနေဆိုးတွေကို ဆက်တိုက် ကြုံနေရတာကြောင့် ​တော်တော်များများ ခက်ခဲနေကြသူတွေကြီးပါပဲ ။ အခြေခံလူတန်းစားနဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေ ဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ် ။ တစ်ချို့ဆို အရမ်း ဒုက္ခရောက်ပြီး ထမင်းတောင် နပ်မမှန်ကြတော့တဲ့ အခြေအနေတွေမှာ  ကြံမိကြံရာ ​မလုပ်သင့်တာတွေကို ပြုလုပ်လာကြပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း တွံတေးမြို့နယ်က အမျိုးသမီးတစ်ဦးက စားစရာမရှိတာကြောင့် သူမရဲ့ ကလေးတွေကို လမ်းကသူတွေကို လိုက်ပေးပစ်နေတယ်ဆိုတဲ့ ဗီဒီယိုလေးတစ်ခု တွေ့ရပါတယ် ။ ဒီအကြောင်းကို သိသွားတဲ့ အနီးဝန်းကျင်က ပြည်သူတွေက မကြည့်ရက်တာကြောင့် အလှူငွေတွေ တတ်နိုင်သလောက် လှူဒါန်းပေးရင်း ကူညီလိုက်ကြတယ်လို့လည်း သိရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဗီဒီယိုထဲမှာ သူမရဲ့ ပြောပြချက်အရ ကလေးတွေကို ခုလို လိုက်ပေးရတာလည်း စားစရာမရှိလို့  မသက်သာလို့သာ လုပ်ရကြောင်းနဲ့ မပေးရက်ကြောင်းကို မျက်ရည်များဝဲကာ ပြောပြထားတာကို တွေ့ရပါတယ် ။ ဗီဒီယိုလေးကြည့်ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ အခုတော့ အနီးဝန်းကျင်က ကူညီပေးမှုနဲ့ ကလေးတွေလည်း သူများ မပေးဖြစ်တော့သလို စားသောက်ဖို့ အတွက်လည်း ခဏတာ အဆင်ပြေသွားပြီလို့ သိရပါတယ် ။ ပရိသတ်ကြီးအတွက် စိတ်မကောင်းစရာ ဒီဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T