ကျပ်တည်း ခက်ခဲနေတဲ့ ခုလိုကာလမှာ အင်းလေးဒေသက ပြည်သူတွေကို ပြုံးပျော်ပီတိ ဖြစ်သွားစေခဲ့တဲ့ ဆရာတော်တစ်ပါးရဲ့ အလှူလေး

//s9.kh1.co/34/347abc854aaba14feb80165366651c176d8a0254.jpeg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း မကြည့်ရက်လို့ ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေ ကူညီဖေးမလျက်ရှိကြပါတယ် ။ နိုင်ငံရေး အခြေအနေတွေရော ၊ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေရော ဆုံသွားတာကြောင့် အတော်လေး အဆင်မပြေကြတဲ့ ပြည်သူတွေ နေရာတိုင်းမှာ များစွာရှိနေပါတယ် ။ လက်လုပ်လက်စား ပြည်သူတွေဆို ပိုလို့တောင် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရပါတယ် ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 

ဒါကြောင့် ခုရက်ပိုင်းတွေမှာဆိုရင် ခက်ခဲကျပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေ အတွက် စေတနာ အလှူရှင်တွေ စုပေါင်းပြီး စားသောက်ကုန်တွေကို လိုက်လံ လှူဒါန်းပေးတာတွေ ရှိသလို ဈေနှုန်းအနည်းငယ်တွေနဲ့ ရောင်းချပေးတဲ့ အစီအစဉ်တွေကို နေရာတော်တော် များများမှာ လုပ်လာကြတာ တွေ့ရပါတယ် ။ ဒီလို ကူညီလှူဒါန်းပေးမှုကြောင့် ခက်ခဲနေသူတွေလည်း ခဏတာပဲ ဖြစ်ဖြစ် အဆင်ပြေသွားကြလို့ ပျော်ရွှင်နေကြတဲ့ မြင်ကွင်းတွေက ပီတိဖြစ်စရာပါ ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 

အခုလည်း ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတွေမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အင်းလေးဒေသက ပြည်သူတွေအတွက် ဆရာတော်တစ်ပါးက စားသောက်ကုန်များကို အင်းလေး ပရိဟိတ အသင်းကနေတစ်ဆင့် လှူဒါန်းပေးဝေခဲ့ပါတယ် ။ အလှူလက်ခံရရှိလို့ ပြုံးပျော်ပီတိဖြစ်နေတဲ့ ဒေသခံတွေရဲ့ ပုံရိပ်တွေက အပျော်တွေ ကူးစက်သည်အထိ ကြည်နူးစရာကောင်းတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဆရာတော်ဘုရားရဲ့ အလှူလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T